လပေါ်တွင် ဘီယာစမ်းသပ်ချက်ရန် ကျောင်းသားများပြင်ဆင်

http://www.redorbit.com/media/uploads/2017/01/beer-brew-moon-2.jpg

အမေရိကန်ပြည်ထောင်စု၊ ဆန်ဒီယာဂိုရှိ ကာလီဖိုးနီးယားတက္ကသိုလ်မှ အင်ဂျင်နီယာကျောင်းသားများက လပေါ်တွင် ဘီယာချက်နိုင်မှုကို လက်တွေ့စမ်းသပ်လိုကြောင်း ထုတ်ဖော်ပြေကြားချက်ကို AFP သတင်းတွင် ဖော်ပြထားသည်။

ကျောင်းသားများက မိမိတို့သည် ကိုယ်ပိုင်ဘီယာချက်သည့် စနစ်ငယ်များကို တီထွင်ထားပြီး အခွင့်အရေး ပေးပါက အာကာသနှင့် လပေါ်တွင် စမ်းသပ်ချက်ကြည့်ချင်ကြောင်း ပြောကြားသည်။

၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် Google ၏ Luner X Prize တီထွင်မှုပြိုင်ပွဲတွင် ကျောင်းသားများအဖွဲ့ သည်ပါဝင်ပြီး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ အခွင့်အရေးရခဲ့လျှင် မိမိတို့အဖွဲ့သည် ပထမဆုံး လပေါ်တွင် ဘီယာချက်သည့် အဖွဲ့ဖြစ်နိုင်ကြောင်း အဖွဲ့ဝင်ကျောင်းသား နီးကီး အရှာရီကဆိုသည်။

Powered by Bullraider.com