အနာဂတ်သယ်ယူပို့ဆောင်ရေးအတွက် ကားပျံများထုတ်လုပ်ရန်ပြင်ဆင်

http://images.indianexpress.com/2017/01/flying-cars-glance_d.jpg

စိတ်ကူးယဉ် သိပ္ပံဇာတ်ကားများထဲ၌ တက္ကစီကားပျံများဖြင့် သယ်ယူပို့ဆောင်သည့် စနစ်များကို ခေတ်မီသည့် နိုင်ငံများတွင် လမ်းပိတ်ဆို့သည့်ဒဏ်ကို မခံမရပ်နိုင်ဖြစ်ပြီး စဉ်းစားခဲ့ကြရာ ကမ္ဘာပေါ်တွင် မိုးပျံကားများအတွက် အပြိုင်အဆိုင် လုပ်ဆောင်နေသော ကုမ္ပဏီပေါင်း တစ်ဒါဇင်နီးပါးရှိလာပြီဖြစ်ကြောင်း Japan Times သတင်း တွင်ဖော်ပြထားသည်။

ဥရောပတိုက်မှ လေယာဉ်များကို တီထွင်နေသည့် Airbus ကုမ္ပဏီကြီးသည် မိုးပျံကားများဖြင့် သယ်ယူပို့ဆောင် ရေးလုပ်ငန်းများကို လုပ်ဆောင်နေရာတွင် စွန့်ဦးတီထွင် ရှေ့တန်းကပြေးနေသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

စမ်းသပ်လျက်ရှိသော မိုးပျံကားအများစုတွင် လေထဲတွင် ပျံသန်းရန်အတွက် တောင်ပံများကို ခေါက်နိုင် ဆန့်နိုင်ရန် အများဆုံးတီထွင်လျက်ရှိကြသော်လည်း၊ အချို့သောကုမ္ပဏီများမှာ မောင်းသူမဲ့ ဒရုန်းစက်များကို အခြေခံသည့် သယ်ယူပို့ဆောင်ရေးစနစ်များကို တီထွင်လျက်ရှိကြသည်။

မိုပျံကားများအား ပြေးလမ်းမလို၊ ဒေါင်လိုက်အတက်အဆင်းများပြုလုပ်နိုင်ရေးကိုသာ ဦးတည် တီထွင်လျက်ရှိ ကြပြီး ဘက်ထရီပါဝါကို အသုံးပြုနိုင်ကာ လျှပ်စစ်စွမ်းအင်ကို အားသွင်းပြီး ပြန်လည်အသုံးချနိုင်သည့် ယာဉ်များ ဖြစ်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြကြောင်း Japan Times တွင်ရေးသားထားသည်။

လာမည့် ၁၀ နှစ်အတွင်း မိုးပျံကားများသည် ဈေးကွက်ကိုရောက်လာနိုင်ပြီး သန်းပေါင်းများစွာသော ခရီးသည်များကို သယ်ယူပို့ဆောင်ပေးနိုင်သည့် လုပ်ငန်းများကို စတင်လုပ်ဆောင်ပေးနိုင်တော့မည်ဖြစ်ကြောင်း Airbus ကုမ္ပဏီ၏ ပရောဂျက်များကို ဦးဆောင်နေသူ ဇက်ခ်ျ လိုဗာရင်းကပြောကြားသည်။

Airbus ကုမ္ပဏီသည်မကြာသော ကာလတွင် Vahana ဟု အမည်ပေးထားသည့် မိုးပျံတက္ကစီများဖြင့် ပျံသန်း ပို့ဆောင်နိုင်စေရန် လက်တွေ့စမ်းသပ်ဆောင်ရွက်လျက်ရှိသည်။

Uber ပရောဂျက်ကို လုပ်ဆောင်နေသည့်သူများသည် ဒရုန်းယာဉ်အပေါ် အခြေခံသည့် နှစ်ယောက်စီး တက္ကစီများ ဖြစ်ပေါ်လာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပြီး မိမိတို့လက်ကိုင် စမတ်ဖုန်းများဖြင့် ထိန်းချုပ် မောင်းနှင်နိုင်ရေးကိုပါ စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အမေရိကန်အာကာသသိပ္ပံ NASA အဖွဲ့ကလည်း ဒရုန်းယာဉ်များကိုအခြေခံကာ လေကြောင်းကား သယ်ယူပို့ ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း MIT သုတေသနဌာနမှ ဂျွန် ဟန်းစ်မင်းကပြောကြားသည်။

Powered by Bullraider.com