အကြိမ် ၈၀ ဖျက်ပြီး ပြန်သုံးနိုင်သည့် မှော်စက္ကူ တီထွင်

http://i.dailymail.co.uk/i/pix/2017/02/03/18/3CCE79A100000578-4189348-image-a-1_1486145653810.jpg

အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားတက္ကသိုလ်နှင့် တရုတ်နိုင်ငံ ရှန်ဒေါင်း တက္ကသိုလ်တို့မှ ပညာရှင်များ ပူးပေါင်းပြီး UV Light ဆိုသည့် မင်တစ်မျိုးကို အသုံးပြုကာ အကြိမ် ၈၀ ပြန်ဖျက်ပြီး အသုံးပြုနိုင်သော မှော်စက္ကူတစ်မျိုးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း AP သတင်းတွင်ဖော်ပြထားသည်။

အလွန်ပေါ့ပါးစွာ တီထွင်ထားသည့် ယင်းစက္ကူပေါ်တွင် အထူးမင်ဖြင့် ရိုက်နှိပ်ထားသော စာများကို အပူချိန် ၁၂၀ ဒီဂရီ စင်တီဂရိတ်အထိပေးပြီးနောက် ပယ်ဖျက်နိုင်ကာ အကြိမ် ၈၀ တိုင်အောင်ပြန်သုံးနိုင်ကြောင်း ယင်းသတင်းကဆိုသည်။

တက္ကသိုလ်နှစ်ခုက ပညာရှင်များသည် စက္ကူထုတ်လုပ်ရသည့်အတွက် သစ်တောများ ဆုံးရှုံးပျက်စီးနေရသည့် အပေါ် လျှော့ပါးသက်သာနိုင်စေရန် ပူးပေါင်းကြံဆောင်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်စွာထုတ်လုပ်နိုင်ပါက ကမ္ဘာကြီး ကိုပိုပြီး အကျိုးပြုနိုင်စေမည့် ဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း AP တွင်ရေးသားထားသည်။

ပုံမှန်စက္ကူများပေါ်တွင် ဓာတုဗေဒပစ္စည်းတစ်မျိုးကို အပေါ်လွှာတစ်ထပ်အနေဖြင့် ဖုံးပေးထားပြီး အထူး ပြုလုပ်ထားသည့်မင်ဖြင့် ပုံနှိပ်ပြီးတိုင်း အပူပေး၍ အပေါ်လွှာကို ပြန်ဖျက်ပြီး အကြိမ်ကြိမ် အသုံးပြုနိုင်ခြင်းဖြစ် သည်။

ကာလီဖိုးနီးယားတက္ကသိုလ်မှ ဓာတုဗေဒ ပါမောက္ခ ယန်ဒေါင်ရင်းက

“ကျွန်တော်တို့ လုပ်ကိုင်နေတဲ့ စက္ကူက ဘာဆိုးဆေး၊ ချွတ်ဆေးမှ မလိုပါဘူး။ အပူပေးလိုက်တာနဲ့ မူလ သုံးထားတဲ့ စက္ကူပေါ်က မင်တွေ အားလုံး ပျောက်ကုန်လိမ့်မယ်။ နောက်ထပ်တစ်ထပ် ပြန်အုပ်ပြီးတော့ သုံးနိုင်ပါတယ်” ဟုပြောကြားသည်။

စက္ကူထုတ်လုပ်ခြင်းကြောင့် ကမ္ဘာမြေပေါ်ရှိ သစ်တောပမာဏ ၄၀ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ အမေရိကန်ပြည်ထောင်စုတွင် ရိုးပြတ်များကတစ်ဆင့် စက္ကူကတ်ပြားများ ထုတ်လုပ်နေမှုကို ဆောင်ရွက်နေကြ ရကြောင်း၊ မကြာမီ သစ်ပင်များကို မဆုံးရှုံးစေသည့် စက္ကူထုတ်လုပ်မှုများနှင့် အကြိမ်ကြိမ် ပြန်သုံးနိုင်သည့် စက္ကူအခြေခံပစ္စည်းများကို ထုတ်လုပ်သွားနိုင်ရန် စီစဉ်နေကြောင်း ယင်းကဆိုသည်။

ပြုပြင်ထားသည့် စက္ကူအပေါ်လွှာပေါ်တွင် UV Light ကို အသုံးပြုကာ ပုံနှိပ်ထုတ်လိုက်သောစာများမှာ Titanium Dioxide ဓာတ်တစ်မျိုးကြောင့် စာများအဖြစ် ထင်ရှားလာပြီး အပြာရောင်စာလုံးများအဖြစ် တွေ့မြင် ကြရမည်ဖြစ်သည်။

စာလုံးများသည် အမှန်မှာ အရောင်မဲ့ဖြစ်ပြီး အောက်ခံအလွှာကြောင့်သာ အပြာရောင်ဖြင့် ထိုးဖောက် မြင်နိုင်ခြင်းဖြစ်သည်ဟု AFP တွင် ဖော်ပြထားသည်။

Powered by Bullraider.com