NASA ၏ အာကာသစေလွှတ်ရေးအစီစဉ်တွင် ကျောင်းဆရာမတစ်ဦးပါဝင်မည်

http://www.post-gazette.com/image/2017/03/21/720x_q90_cMC_z_ca17,17,3000,2130/20170321dsNASATeacherLocal01.jpg

အမေရိကန်ပြည်ထောင်စုမှ အလယ်တန်းပြဆရာမတစ်ဦးဖြစ်သူ ဒက်ဘီ ရေးနိုးသည် အမေရိကန် အာကာသ သိပ္ပံအဖွဲ့ (NASA) က မကြာမီစေလွှတ်မည့် အာကာသခရီးစဉ်တွင် လိုက်ပါသွားမည်ဖြစ်ကြောင်း AFP သတင်း တွင်ဖော်ပြထားသည်။

ဒက်ဘီသည် သိပ္ပံဘာသာရပ်ကို သင်ကြားနေပြီး STEM ပညာရေးကို အကောင်အထည်ဖော်နေသူတစ်ဦး အဖြစ် ကျောင်းသုံးဖတ်စာအုပ်များကို အာကာသထဲသို့ယူသွားကာ၊ ကျောင်းသားများကို လက်တွေ့ပြသ သင်ကြားမှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

ပစ္စဘတ်မြို့ အလယ်တန်းကျောင်းတွင် သင်ကြားနေသည် ဒက်ဘီသည် ရက်သတ္တပတ်အတွင်း ဖလော်ရီဒါက တစ်ဆင့် စေလွှတ်မည့် အာကာသထောက်ပံ့ရေးယာဉ်နှင့် လိုက်ပါသွားရမည်ဖြစ်ပြီး နိုင်ငံတကာ အာကာသ စခန်းအတွင်းမှ တိုက်ရိုက်ထုတ်လွှင့်သင်ခန်းစာများကို သင်ကြားမည်ဖြစ်သည်။

Powered by Bullraider.com