အိန္ဒိယနိုင်ငံ တက္ကသိုလ်များတွင် အရည်အသွေးပြည့်ဝသည့်ဆရာများရှားပါး

http://www.searchallindia.com/wp-content/uploads/2015/10/12-Enact-New-Legislation-to-Support-Access-to-High-Quality-Education.jpg

အိန္ဒိယနိုင်ငံ ပညာရေးစနစ်ကြောင့် အဆင့်မြင့်ပညာရေးကဏ္ဍတွင် အရည်အသွေးပြည့်ဝသည့် ဆရာများရှားပါး လာကြောင်း Art of Living အဖွဲ့ဝင် ဝါရင့်ဆရာတစ်ဦးဖြစ်သူ ခါရှက် ဘက်လီဝါလာ၏ပြောကြားချက်ကို Indo-Asian News Services သတင်းတွင် ဖော်ပြထားသည်။

ဘက်လီဝါလာ ရေးသားသည့် “Ready Study Go” စာအုပ်ထဲတွင် ကျောင်းသားများ ဖတ်ရှုလေ့လာရန် စာအုပ်များ လမ်းညွှန်ပေးနိုင်ရန်အရေးကြီးသော်လည်း၊ စာမဖတ်သည့် ဆရာများက ကျောင်းသားများကို မည်သည့် စာအုပ်မှ လမ်းညွှန်ပြသနိုင်ခြင်း မရှိသောကြောင့် ဘာသာရပ်အပေါ် ချစ်မြတ်နိုးစွာဖြင့် လေ့လာ လိုစိတ်များပါ ကွယ်ပျောက်နေရသည်ဟု ထောက်ပြဝေဖန်ထားသည်။

“တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ အမှတ် ၁၀၀ လောက်ရတဲ့သူတွေက အခြေခံလောက်တောင် မသိဘူးဖြစ်နေ တယ်။ အကြောင်းအရာတိုင်းမှာ ဆင်ခြင်စရာတွေ၊ စဉ်းစားစရာတွေ၊ ယုတ္တိနည်းကျကျ ထုတ်ယူစရာတွေ ရှိတယ်။ ဒါပေမဲ့ ဆရာတွေကိုယ်တိုင်က ဘာဗဟုသုတမှ မရှိဘူးဖြစ်နေတယ်။ အမှတ်တွေသာ ကောင်းနေတာ။ တွေးခေါ်နိုင်စွမ်းတွေ ကောင်းနေကြတာ မဟုတ်ဘူး” ဟုသူကဆိုသည်။

ဘက်လီဝါလာသည် Art of Living အဖွဲ့တွင် ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်နေသော ဝါရင့်ဆရာတစ်ဦးဖြစ်ပြီး ကျောင်းတွင် သင်ကြားနေသည့် ပြဋ္ဌာန်းစာအုပ်များနှင့် ပတ်သက်၍လည်း

“ပြဋ္ဌာန်းစာအုပ်ဆိုတာ ဆရာတွေက ထပ်ဆင့်ပြီးတော့ တီထွင်သင်ကြားနိုင်ဖို့ ကိုးကားစရာ ထုတ်ထားတာတွေ။ ဖတ်စာအုပ်တွေထဲမှာပါတဲ့ အတိုင်းတွေ ဖတ်ပြပြီးတော့ သင်နေကြတာက တွေးတောကြံဆနိုင်စွမ်းတွေကို တိုးတက် မြင့်မားလာစေမှာ မဟုတ်ဘူး။ လက်တွေ့ကျကျ ဖော်ထုတ်တွေးဆနိုင်အောင်တွေ လုပ်နိုင်မှ ကျောင်း သားတွေကို သူတို့သင်ကြားနေရတဲ့ ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး တတ်မြောက်တယ်လို့ယူဆနိုင်မယ်” ဟု အသက် ၄၇ နှစ်အရွယ်ရှိ ဘက်လီဝါလာကပြောကြားသည်။

“အမှတ်တွေ အဆင့်တွေက ကျောင်းသားတစ်ယောက်ရဲ့ တတ်မြောက်မှုကို မပိုင်းဖြတ်နိုင်ဘူး။ ဘွဲ့လက်မှတ် အောင်လက်မှတ်တွေကလည်း ကျောင်းသားတစ်ယောက်ရဲ့ အရည်အချင်းကို အပြည့်အဝ အခိုင်အမာ မဖော် ဆောင်နိုင်ဘူး။ ဒါပေမဲ့ ပညာရေးစနစ်ကြီးကို ချက်ချင်းကြီး ပြောင်းလဲဖို့ဆိုတာလည်း မလွယ်ဘူး။ ခုကတည်းက စမပြောင်းရင် ဘယ်တော့ ပြောင်းမှာလဲ။ ကုမ္ပဏီတွေက အလုပ်ခေါ်ရင် အောင်လက်မှတ်နဲ့ ခေါ်တာထက် တကယ့်တတ်ကျွမ်းမှုကို ပိုင်းဖြတ်ပြီး ခေါ်ကြည့်ပါလား။ အားလုံးပြောင်းလဲသွားလိမ့်မယ်” ဟု ယင်းကဆိုသည်။

Powered by Bullraider.com