ကမ္ဘာ့အချမ်းသာဆုံး သူဌေးဘွဲ့ ဘီလ်ဂိတ် ဆက်လက်အောင်ပွဲခံ

http://venturesafrica.com/wp-content/uploads/2013/01/Bill-Gates_2012907b.jpg

ကမ္ဘာကျော် ကွန်ပျူတာဆော့ဖ်ဝဲကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Microsoft ကို ထူထောင်ခဲ့သူ ဘီလ်ဂိတ်သည် ဒေါ်လာ ၈၆ ဘီလီယံချမ်းသာနေသောကြောင့် ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံကြွယ် သူဌေးကြီး ၂၀၀ စာရင်း တွင် ထိပ်ဆုံးနေရာက ရပ်တည်နိုင်ခဲ့ကြောင်း Forbes သတင်းတွင်ဖော်ပြထားသည်။

ဘီလ်ဂိတ်သည် ၂၀၁၇ ခုနှစ်အထိ လေးနှစ်ဆက်တိုက် ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံကြွယ် သူဌေးကြီးအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

ဘီလ်ဂိတ်နှင့်အပြိုင် ချမ်းသာသည့် သူဌေးကြီး ဝါရင် ဘတ်ဖက်သည် ဒုတိယနေရာတွင်ရှိနေပြီး ဒေါ်လာ ၇၅ ဒသမ ၆ သန်းချမ်းသာကာ၊ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်မှာ ထိပ်တန်း ၂၀၀ အဆင့်တွင်ပင် မရှိတော့ဘဲ ၃ ဒသမ ၅ ဘီလီယံသာချမ်းသာသဖြင့် အဆင့် ၅၄၄ သို့ရောက်ရှိသွားခဲ့ရသည်။

ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် သူဌေးအများစုမှာ အိုင်တီလုပ်ငန်းများနှင့် ဆက်နွှယ်နေသူများဖြစ်ပြီး Amazon ကို ထူထောင်သူ ဂျက်ဖ် ဘီဇို့စ်က တတိယနေရာတွင် ရှိနေကာ ဒေါ်လာ ၇၂ ဒသမ ၈ ဘီလီယံ ကြွယ်ဝသူဖြစ် သည်။

ယခုနှစ် ဘီလီယံကြွယ်သူဌေးစာရင်းတွင် အသက်အငယ်ဆုံးဖြစ်နိုင်သည့် Facebook ကိုထူထောင်သူ ဇပ်ကာဘတ်သည် အဆင့်ငါးနေရာတွင် ရှိနေပြီး ဒေါ်လာ ၅၆ ဘီလီယံ၊ Oracle ကို ထူထောင်သူ လာရီ အယ်လီဆန်သည် ဒေါ်လာ ၅၂ ဒသမ ၂ ဘီလီယံချမ်းသာပြီး အဆင့် ၇ နေရာတွင်ရှိနေသည်။

Forbes သည် နှစ်စဉ် ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးများ စာရင်းကို ထုတ်ပြန်ပေးလေ့ရှိပြီး ဒေါ်နယ်ထရမ့်၏ စီးပွားရေးလုပ်ငန်းများအနက် အိမ်ယာလုပ်ငန်းများမှာ မအောင်မြင်တော့သဖြင့် ဝင်ငွေများ လျှော့နည်း လျက်ရှိပြီး ယမန်နှစ်ကထက် ၁ ဘီလီယံထပ်မံကျဆင်းသွားခဲ့ကြောင်း ဝေဖန်ထားသည်။

ဒေါ်နယ်ထရမ့် စီးပွားရေး၏ ၄၀ ရာခိုင်နှုန်းသည် Trump Tower အပေါ်တွင် မှီခိုနေရပြီး တစ်မိုင်ပတ်လည် အတွင်းရှိ အခြားသော အဆောက်အအုံ ၈ ခုနှင့်လည်း ဆက်စပ်နေကာ အိမ်ယာဈေးကွက်ကျဆင်းနေသော ကြောင့် အဆင့်များလျှောကျခဲ့ရကြောင်း AFP သတင်းတွင်ရေးသားထားသည်။

ကမ္ဘာ့ဘီလီယံကြွယ်သူဌေးကြီးများ စာရင်းပြုစုရာတွင် အမေရိကန်ပြည်ထောင်စုတွင် ဘီလီယံကြွယ် သူဌေး ပေါင်း ၅၆၅ ဦးရှိနေသောကြောင့် အချမ်းသာဆုံးနိုင်ငံဖြစ်နေပြီး၊ တရုတ်နိုင်ငံတွင် ၃၁၉ ဦးရှိသဖြင့် ဒုတိယ၊ ဂျာမနီနိုင်ငံက ၁၁၄ ဦးဖြင့် တတိယနေရာတွင်ရှိကြောင်း Forbes တွင် ဖော်ပြထားသည်။

Powered by Bullraider.com