အမျိုးသမီးများ STEM ပညာရပ်များလေ့လာနိုင်ရေး Microsoft အားပေး

https://c.s-microsoft.com/en-gb/CMSImages/education_web.jpg?version=89a590c3-43fb-34e0-73fe-bb4e4bbf830e

ကမ္ဘာကျော် ဆော့ဖ်ဝဲကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Microsoft သည် အမျိုးသမီးများ STEM ဟုခေါ်သည့် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာပညာရပ်များကို အလေးပေးလေ့လာနိုင်ငံရေးအတွက် အစီအစဉ်တစ်ခုဖြစ် သော MakeWhatsNext ဆိုသည့် ကမ်ပိန်းတစ်ခုကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း US News သတင်း တွင် ဖော်ပြထားသည်။

ယင်းအစီအစဉ်တွင် အမျိုးသမီးများဘဝ တိုးတက်သာယာရေးအတွက် ရင်သားကင်ဆာပျောက်ကင်းရေး အဖြေ ရှာခြင်း၊ ရာသီဥတု ပြုပြင်ပြောင်းလဲမှုများကို တားဆီးခြင်းများအပြင်၊ မိမိတို့ဘဝ မိမိတို့ရပ်တည်နိုင်ရေးအတွက် ပညာသင်ကြားနိုင်ရေးတို့ကို အထောက်အကူဖြစ်စေနိုင်မည့် အစီအစဉ်များလည်း ပါဝင်ကြောင်း ယင်း သတင်းကဆိုသည်။

မတ်လ ၇ ရက်နေ့ကတည်းက စတင်ဆောင်ရွက်ခဲ့သည့် အမျိုးသမီးများ ဘဝဖွံ့ဖြိုးရေး အစီအစဉ်ကို ကမ္ဘာ့အမျိုး သမီးများနေ့နှင့် တိုက်ဆိုင်ကာ လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ဘာသာရပ်လေးခုတွင် အမျိုးသမီးများ ထူးချွန်လာစေ ရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားသည်။

အမျိုးသမီးများအတွက် မဖြစ်နိုင်ဘူးဆိုသည်မှာ မရှိကြောင်း၊ အရေးအပါဆုံး STEM ပညာရပ်များတွင်လည်း အမျိုးသမီးများအနေဖြင့် ထူးချွန်စွာဆောင်ရွက်နိုင်ကြောင်းကို ဖော်ထုတ်ပြသနိုင်ရန်အတွက် Microsoft အနေဖြင့် ယင်းကမ်ပိန်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကမ်ပိန်းတွင် ပါဝင်သည့် ကုမ္ပဏီမှ လှူဒါန်းရေးအဖွဲ့ ဒုဥက္ကဋ္ဌ မေရီ စနက်ပ်ကဆိုသည်။

“ကျွန်မတို့ဟာ အမျိုးသမီးတွေကို STEM ဘာသာရပ်တွေ သင်ကြားချင်လာအောင် အားပေးအားမြှောက် လုပ်ပေးရမယ်။ ကင်ဆာနဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာတွေကို သူတို့ဘာသာသူတို့ ရင်ဆိုင် ဖြေရှင်း နိုင်သူ တွေဖြစ်လာစေရမယ်” ဟုလည်း ပြောကြားသည်။

Microsoft ကပြုလုပ်ပေးနေသည့် MakeWhatsNext ပရိုဂရမ်သည် ဥရောပတိုက်ရှိ အသက် ၁၅ နှစ် မိန်းကလေး တိုင်းအား STEM ဘာသာရပ်များ အလေးပေးသင်ကြားရေးကို ဇန်နဝါရီလက စတင်ဆောင်ရွက်ခဲ့ ပြီးနောက် STEM ဘာသာရပ်များဖြင့် အမျိုးသမီး ၆ ဒသမ ၇ ရာခိုင်နှုန်းကို ဘွဲ့များရရှိစေရန် ဆောင်ရွက်ပေး နိုင်ခဲ့ပြီးဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင်လည်း အမျိုးသမီး ၂၆ ရာခိုင်နှုန်းကို ကွန်ပျူတာနှင့် သင်္ချာဘာသာရပ်ဆိုင်ရာ လုပ်ငန်းများတွင် အလုပ်များ ခန့်အပ်ပေးနိုင်ပြီဖြစ်ကြောင်း အမေရိကန်အလုပ်သမားရေးဌာန ထုတ်ပြန်ချက်ကို US News တွင် ရေးသားထားသည်။

Microsoft သည် MakeWhatsNext ပရိုဂရမ်များအပြင် အထက်တန်းကျောင်းများ၌ STEM ဘာသာရပ်များ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် DigiGirlz ဆိုသည့် အမျိုးသမီးများဘဝ မြင့်မားလာရေး လုပ်ငန်းများကို လိုက်လံလုပ်ဆောင်လျက်ရှိသည်။

Powered by Bullraider.com