ထိုင်း ပထမတန်းကလေးများ တစ်ဦးလျှင် တဘ်လပ်တစ်လုံး ရပြီ
- Details
- Category: မောက္ခနိုင်ငံတကာသတင်း
- Published on Saturday, 21 July 2012 03:53
- Written by မေနဒီလှိုင်း
ထိုင်းနိုင်ငံ၊ ခရိုင် ၈ ခုရှိ ပထမတန်းကလေးငယ် ၅ သောင်း ၅ ထောင်ကျော်တို့သည် တဘ်လပ် ကွန်ပျူတာများကို သောကြာနေ့ တွင် ရရှိကြပြီဖြစ်သည်။
"တဘ်လပ် ၅၅၇၁၂ လုံးကို ကျောင်းတွေမှာ ဖြန့်ဝေမှာဖြစ်ပါတယ်။" ပညာရေး ၀န်ကြီး ဆူချာ့ထ်တဒါသမ်ရွန်းဝါ့ဂ်ျက ပြောကြားခဲ့သည်။ ဘန်ကောက်မြို့တော်အပါအ၀င် ခရိုင် ၈ ခုသို့ ထရပ်ကား အစီး ၃၀ ဖြင့် ပထမတန်း ကလေးငယ်များအတွက် တဘ်လပ်ကွန်ပျူတာများကို သောကြာနေ့က ဖြန့်ဝေခဲ့သည်။

ခရိုင်အက္ခစဉ်အလိုက် ပထမဆုံး ၈ ခရိုင်သို့ ဖြန့်ဝေခြင်းဖြစ်သည်။
တဘ်လပ်တွေဟာ သင်ကြားခြင်းနဲ့ သင်ယူခြင်းဖြစ်စဉ်တွေကို တော်လှန်ပြောင်းလဲပါလိမ့်မယ်။ ၀န်ကြီး ဆူချာ့ထ်က ပြောကြားခဲ့ သည်။ ၀န်ကြီးဌာနအနေဖြင့် တဘ်လပ်ကိရိယာအတွက် ထည့်သွင်းရမည့် ဆော့ဖ်ဝဲများကို တီထွင်ပြင်ဆင်ခဲ့ပြီး ကျောင်းဆရာများ ကိုလည်း သင်တန်းပေးထားပြီဖြစ်ကြောင်း သူက ရှင်းပြခဲ့သည်။
ကလေးတစ်ဦး တဘ်လပ်တစ်လုံး OTPC ထိုင်းပညာရေး စီမံကိန်းမှာ အာဏာရ ဖွေထိုင်းပါတီ၏ ရွေးကောင်ပွဲကတိနှင့် မူဝါဒလည်း ဖြစ်သည်။ အကောင်အထည် ဖော်ဆောင်ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိနေခဲ့သည်။
တဘ်လပ်များကို တရုတ်ကုမ္ပဏီတစ်ခုမှ အစိုးရက ၀ယ်ယူတင်သွင်းခဲ့ခြင်းဖြစ်သည်။
ထိုင်း ပထမတန်း ကျောင်းသား တစ်ဝက်ခန့်ကို ပထမအသုတ်အနေဖြင့် ဖြန့်ဝေခြင်းဖြစ်သည်။
မောက္ခနိုင်ငံတကာပညာရေးသတင်း
Source: The Nation
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238









