တွေးခေါ်စဉ်းစားပုံ ပြောင်းလဲရန် မူဆလင်စာသင်ကျောင်းများတွင် သင်ရိုးညွှန်းတမ်း လိုအပ်

ကမ္ဘာ့လူဦးရေ၏ ၂၃ ရာခိုင်နှုန်းမှာ မူဆလင်များ ဖြစ်ကြပါသည်။ သို့ရာတွင် တစ်ကမ္ဘာလုံး ၀င်ငွေမှာမူ ၈ ရာခိုင်နှုန်းသာ ပါဝင်ကြောင်း အင်ဒိုနီးရှား ပါမောက္ခတစ်ဦးက ပြောကြားလိုက်သည်။

ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည် ၄၈ နိုင်ငံတွင် ၁၇ နိုင်ငံမှာ နိုင်ငံတော်ဘာသာအနေဖြင့် အစ္စလာမ်ကို ထားရှိကိုးကွယ်ကြကြောင်း၊ ၃၉
ရာခိုင်နှုန်းသော ကမ္ဘာ့မူဆလင်ဦးရေမှာ ဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် ရှင်သန်နေကြကြောင်းလည်း ပါမောက္ခအန်နီဘတ်စ၀ီဒန်က ထပ်လောင်းပြောကြားခဲ့သည်။

ဤကဲ့သို့ မမျှတမှုကို ကျော်လွှားနိုင်ရန်အတွက် မူဆလင်များအနေဖြင့် တွေးခေါ်စဉ်းစားပုံကို ပြောင်းလဲရန်လိုအပ်ကြောင်း၊ သူတို့
ကလေးငယ်များ၏ ဗဟုသုတကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် သိပ္ပံနှင့်နည်းပညာကဏ္ဍတွင်ဖြစ်ကြောင်း၊ သို့မှသာ
အနာဂတ် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့ဇာတ်ခုံတွင်လည်း ပိုမို လက်ခံလာနိုင်မည်ဖြစ်ကြောင်းပညာရှင်က ဆိုပါ သည်။

ထိုင်းတော်ဝင်မင်းသမီး မဟာချက်ကရီသီရိဒုံက သဘာပတိအနေဖြင့် ကြီးမှူးကျင်းပသော Misbahudeen အစ္စလာမ်ကျောင်း ၇၂ နှစ်ပြည့် အခမ်းအနားတွင် "ထိုင်းမူဆလင်များကို အာဆီယံကွန်မျူနတီအတွင်းသို့ တံတားခြင်းပေးခြင်း" Bridge for Muslim Thais towards the ASEAN Community ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် အင်ဒိုနီးရှားပါမောက္ခ ဤသို့ တင်ပြခဲ့ခြင်းဖြစ်သည်။

"အာစီယံ ကွန်မျူနတီက ရောက်လာတော့မှာ ဖြစ်ပါတယ်။ အာစီယံနိုင်ငံတွင်းက သန်း ၆၀၀ ကျော်ပြည်သူများထဲမှာ သန်း ၃၀၀
ဟာ မူဆလင်တွေဖြစ်တယ်။ ပြောင်းလဲမှုများအတွက် ပြင်ဆင်ကြရပါလိမ့်မယ်။" အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆုဝန်က
ပြောကြားခဲ့သည်။ ဆူရင်မှာ ကျောင်း၏ နာယကတစ်ဦးလည်းဖြစ်သည်။

သူကပြောကြားရာတွင် အစ္စလာမ်ကျောင်းများမှာ ဘာသာရေး သင်ကြားမှုအပေါ် အထူးအာရုံစိုက်ကြပြီး ဤကျောင်းမှ ကလေးများ မှာ သိပ္ပံ၊ သင်္ချာ၊ နည်းပညာနှင့် အင်္ဂလိပ်စာတို့တွင် များစွာနောက်ကျ ကျန်နေရကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

"ပညာရေးကောင်းမှသာ မူဆလင်ကလေးငယ်တွေဟာ ပိုပြီး ယှဉ်ပြိုင်နေရတဲ့ ကမ္ဘာ့စင်မြင့်ကို တက်ရောက်နိုင်မှာပါ။ ဒါမှလည်း
လေးစားမှုနဲ့ လက်ခံမှုကို ရရှိပါလိမ့်မယ်။" သူက ပြောကြားခဲ့သည်။ "ငြိမ်းချမ်းရေးကို တန်းတူညီမျှမှုနှင့် နားလည်မှုကသာ
တည်ဆောက်လို့ ရနိုင်တယ်။ ကျွန်တော်တို့အတွက်တော့ ပညာရေးဟာ အဖြေပါပဲ။"

အစ္စလာမ်အပေါ် ရှုမြင်မှုပုံရိပ်တို့ကို ပြောင်းလဲရမည်ဖြစ်ကြောင်းနှင့် ဤသို့ဖြစ်လာစေရန် အာစီယံမူလဆလင်များ စည်းလုံးညီညွတ်ကြဖို့ လိုအပ်ကြောင်းကိုလည်း ဆူရင်က ရှင်းပြခဲ့သည်။ "အာစီယံ လူဦးရေတစ်ဝက်က အာစီယံ စုစုပေါင်း ထွက်ကုန် GDP တစ်ဝက်ကို ထုတ်လုပ်သင့်ပါတယ်။" ASEAN GDP မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ထရီလီယံ (ဘတ်ငွေ ၇၆ ထရီလီယံ) ရှိနေသည်။

အဖွင့်အမှာစကားပြောကြားရာတွင် သဘာပတိ မင်းသမီးမဟာချက်ကရီသီရိဒုံက ထိုင်းနိုင်ငံအတွင်းရှိ အစ္စလာမ် ကျောင်းများ အတွက် သူမ၏ ဖေါင်ဒေးရှင်းက ကူညီထောက်ပံ့မှုများအကြောင်း ပြောကြားခဲ့ပြီး အာစီယံစီးပွားရေးကွန်မျူနတီ AEC အတွက် ကျောင်းသားများကို မည်သို့မည်ပုံကူညီသင့်သည်များနှင့် မထိရောက်သေးသော လက်ရှိလုပ်ဆောင်မှုများအပေါ် သူမ၏ စိုးရိမ်စိတ်တို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော် အေဂျင်စီများအနေဖြင့် ကျောင်းသားများအတွက် နည်းပညာအကူအညီများ ပေးရန် သူမအနေဖြင့် မှာကြားထားပြီး ကျောင်းများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ဤကျောင်းဆရာများအနေဖြင့် သက်မွေးသင်တန်းများ ဖွင့်လှစ်နိုင်ရန် ကူညီပံ့ပိုးကြရန်လည်း မှာကြားထားကြောင်း တော်ဝင်မင်းသမီးက ပြောကြားခဲ့သည်။ သက်မွေးသင်တန်းများတွင် ချက်ပြုတ်ခြင်း အတတ်ပညာ၊ စက်မှုသင်တန်း၊ လျှပ်စစ်သင်တန်းများ ပါဝင်ပါသည်။ တော်ဝင်မင်းသမီးက ပညာတော်သင်ဆု များလည်း ချီးမြှင့်ထားသည်။

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမတ်လည်း တက်ရောက်ခဲ့ပြီး စက်မှုထွန်းကားရန်အတွက် အနောက်နိုင်ငံများမှ အသိပညာနှင့် ဗဟုသုတအတွက် မူဆလင်များအနေဖြင့် အနောက်တိုင်းနောက်သို့ လိုက်နေရန် မလိုအပ်ကြောင်း၊ ကိုးရီယားကဲ့သို့ အရှေ့တိုင်းနိုင်ငံများမှ လေ့လာရမည်ဖြစ်ကြောင်း EU ကဲ့သို့ ချမ်းသာသော နိုင်ငံများအတွက် အလုပ်လုပ်နေရန် မလိုအပ်ကြောင်း၊ မူဆလင်များအနေဖြင့် သိပ္ပံနှင့် နည်းပညာကို အထူးပြုလေ့လာသင့်ကြောင်းတို့ကို မိန့်ခွန်းပြောကြားခဲ့သည်။

မောက္ခနိုင်ငံတကာပညာရေးသတင်း

source: The Nation

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238