ကိစ္စပြီးပြီးချင်း အိပ်ပျော်တော်မူသော ကိုယ်တော်များ
- Details
- Category: မောက္ခနိုင်ငံတကာသတင်း
- Published on Monday, 23 July 2012 15:35
- Written by မောက္ခ
အမျိုးသမီးတွေက သိပ်ကို စိတ်ပျက်ရပါသတဲ့။ ဒါပေသိ သိပ္ပံပညာရှင်တွေကတော့ ပုရိသ အမျိုးသားများဖက်က ရပ်တည်ပေး စရာ ဆင်ခြေကို သုတေသနပြု ရှာဖွေတွေ့ရှိပြီဆိုပဲ။ ကိစ္စပြီးပြီးချင်း အိပ်ပျော်သွားတတ်တဲ့ ကျားကျားလျားလျား ပုရိသများနဲ့ ပတ်သက်လို့ပါ။ ၀ါး… အိပ်ချင်လိုက်တာ။
ပုရိသများရဲ့ ဦးနှောက်က အဲဒီလို အိပ်ပျော်သွားစေဖို့ အချက်ပေးလို့ပါတဲ့။ သုတေသီများရဲ့ သိပ္ပံသုတေသန အဆိုအရက ဒီလိုပါ။ သာယာမှု အထွဋ်အထိပ်၊ ဖောဋ္ဌဗ္ဗအာရုံရဲ့ အရသာ၊ အကြင်နာရဆုံးရဲ့ လက်ဆောင်၊ အကောင်းဆုံးကို ခံစားပြီးပြီးချင်း မှာပဲ ပုရိသများဟာ… မိနစ်မဆိုင်း ခလော… ခလော.. ခလော။ ရွှေအိပ်မက်များ မက်လို့။ ဘေးကချစ်သူကိုတော့ မေ့မေ့ လျော့လျော့။ ခွင့်လွှတ်ပါကွယ်။ ဆောရီး။
ဒါပေသိ မျိုးနွယ်စု မတူသူ က္ကုတ္ထိယများ ခမျာမှာတော့ မျက်နှာကြက်ကိုသာ မော့ကြည့်ရင်း အိပ်လို့ကမရသေး။ တောက်… သေနာ။
ကာမအထွဋ်အထိပ်ကို ခံစားပြီးခါစ ပုရိသ သတို့သားများစွာကို သုတေသနက စကင်ဖတ်ကြည့်ခဲ့ပါတယ်။ “တွေးတောမှု” အလုပ်လုပ်တဲ့ ဦးနှောက်ရှေ့ဖက်ပိုင်း (အပြင်လွှာ) cerebral cortex ဟာ အထွဋ်အထိပ် ရောက်ချိန်မှာပဲ လုံးဝကို ရပ်ဆိုင်းသွားပါသတဲ့။
နောက်ထပ်လို့ နေရာ ၂ ခုဖြစ်တဲ့ ကာယလှုံဆော်မှုအပေါ် အာရုံခံစားမှု နယ်ပယ် cingulated cortex နဲ့ စိတ်ခံစားမှု နယ်ပယ် amygdala တို့ဟာ လိင်စိတ်ဆန္ဒကို ပြေလျော့သွားစေပြန်ပါသတဲ့။ သိုင်းကျူးပါကွယ်။
“ဒီစမ်းသပ်မှုတွေက အထွဋ်အထိပ်ကို ရောက်ရှိ ခံစားနေတုန်း ဦးနှောက်ထဲမှာ ဘာတွေ ဖြစ်နေသလဲဆိုတာကို သဲလွန်စတွေ ပေးခဲ့ပါတယ်။” ပြင်သစ် အစိုးရ သိပ္ပံပညာရှင် Serge Stoleru ကို ကိုးကားပြီး Mirror သတင်းစဉ် ထဲမှာ ဖော်ပြခဲ့ပါတယ်။
“အမျိုးသမီးများအတွက်တော့ ဒါဟာ ကွာဟချက်ပါပဲ။”
ပြင်းထန်လှတဲ့ ခံစားမှု နောက်ပြန်ဆုတ်သွားတဲ့ အခိုက်အတန့်ရယ်လို့ အမျိုးသမီးများမှာတော့ မရှိဘူးတဲ့လေ။ ခက်တော့တာပဲ။ ကိုယ်ခန္ဓာတစ်ခုလုံး ငြိမ်သက်သွားပြီး နောက်တချီအတွက် အနားယူတဲ့ အခိုက်အတန့်။
ကိုယ်က လိုအပ်နေဆဲ။ သူကတော့ဖြင့် ရွှေရောင်အိပ်မက်များ မက်လို့။
မောက္ခဆေးပညာ သိပ္ပံသတင်း
Source: ANI/ London
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238









