အိမ်ဖြူတော်အနီးတွင် ဒရုန်းယာဉ်ဖြင့်တွေ့ရှိသူကို ဖမ်းဆီးထိန်းသိမ်း

https://cbssacramento.files.wordpress.com/2015/05/473322628.jpg?w=620&h=349&crop=1

ဝါရှင်တန်၊ မေ ၁၇

အမေရိကန်သမ္မတ နေထိုင်သည့် အိမ်ဖြူတော်အနီးတွင် အဝေးထိန်းချုပ်မောင်းနှင်နိုင်သည့် ဒရုန်းယာဉ်ပျံတစ်စီးနှင့် တွေ့ရှိသူ တစ်ဦးအား တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ပြည်ထောင်စုလေကြောင်းစီမံထိန်းသိမ်းရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက်ကို Sky News သတင်းတွင်ဖော်ပြထားသည်။

ယင်းသံသယရှိသူကို လာဖီယက် ရင်ပြင်တွင် သံသယရှိဖွယ်ရာပစ္စည်းနှင့်အတူ တွေ့ရှိခဲ့ရသောကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ရ ခြင်းဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

ဒရုန်းလေယာဉ်ကို ယူဆောင်လာသည်ဆိုသောသူသည် မည်သည့်လုပ်ဆောင်မှုကြောင့် ဖမ်းဆီးအရေးယူထားသည်ဆိုခြင်းကို သတင်း ထုတ်ပြန်မှုမှာ မရေရာလှကြောင်း၊ ထိုသူသည် လေယာဉ်ဖြင့် ဓာတ်ပုံများရိုက်ရန် ကြိုးစားသောကြောင့် ဖမ်းဆီးရခြင်း ဆိုသည်ကိုလည်း တိကျစွာထုတ်ပြန်ပြောဆိုခြင်းမရှိကြောင်း AP သတင်းကပြောကြားသည်။

ထိုသို့ ဖမ်းဆီးမှုများ ဖြစ်ပွားပြီးသည့်နောက်တွင် အိမ်ဖြူတော်မြောက်ဘက်ခြမ်းကို သွားလာခွင့်များပိတ်ကာ စစ်ဆေးလျက်ရှိ ကြောင်း CNN သတင်းတွင်လည်း ရေးသားထားသည်။

အမေရိကန်ပြည်ထောင်စုတွင် မြို့ကြီးများပေါ်၌ မောင်းသူမဲ့ ဒရုန်းယာဉ်များ ပျံသန်းဖြတ်သန်းခြင်းကို တင်းကျပ်စွာ တားမြစ် ထားကြောင်း၊ အထူးသဖြင့် ဝါရှင်တန်ဒီစီတွင် ခွင့်ပြုချက်မရှိဘဲ ဒရုန်းယာဉ်များကို လွှတ်တင်ခြင်းအား တားမြစ်ထားကြောင်း CNN ကဆိုသည်။

ပြည်ထောင်စုလေကြောင်းစီမံထိန်းသိမ်းရေးအဖွဲ့ကလည်း ရော်နယ်ရေဂင် အမျိုးသားလေယာဉ်ကွင်းမှ ၁၅ မိုင်ပတ်လည်တွင် ဒရုန်းယာဉ်များ ပျံသန်းခွင့်ကို ပိတ်ပင်ပေးရန် တောင်းဆိုလျက်ရှိသည်။

Powered by Bullraider.com