အင်္ဂါဂြိုဟ်ပေါ်တွင် ဘက်တီးရီယားများဖြင့် အောက်ဆီဂျင်ရရန် NASA စီစဉ်

http://images.sciencetimes.com/data/images/full/6505/mars-landscape-with-astronaut.jpg?w=600

ဝါရှင်တန်၊ မေ ၁၇

လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အင်္ဂါဂြိုဟ်လူသားများ ခြေချနိုင်ရေးအတွက် အမေရိကန်အာကာသသိပ္ပံ NASA အဖွဲ့ကစီစဉ် လျက်ရှိရာ အခန်းတစ်ခန်းအတွင်း ကုန်ကြမ်းပစ္စည်းတစ်ခုခုကို ကျွေးမွေးကာ ဘက်တီးရီယားများကို မွေးမြူပြီး အောက်ဆီဂျင်ထုတ်နိုင်မည့်နည်းလမ်းများကို ကြံဆလျက်ရှိကြောင်း National Monitor သတင်းတွင် ဖော်ပြထား သည်။

အကယ်၍ ဘက်တီးရီးယားများကတစ်ဆင့် အောက်ဆီဂျင်ထုတ်ယူနိုင်သော အခန်းများကို အင်္ဂါဂြိုဟ်အတွင်း ချထားနိုင်မည် ဆိုလျှင် ကုန်ကျစရိတ်အသက်သာဆုံးနှင့် အထိရောက်ဆုံးစနစ်တစ်ခုဖြစ်နိုင်ကြောင်း ယင်းသတင်းကဆိုသည်။

အင်္ဂါဂြိုဟ်ပေါ်တွင် မည်သို့နေထိုင် လုပ်ကိုင်ကြမည်ဆိုသော လူနေမှုပုံစံများကို Space X အဖွဲ့က ပုံပေါင်းများစွာဖြင့် Flickr Website ပေါ်တွင် တင်လျက်ရှိရာ အနာဂတ်အတွက် စိတ်ကူးများဖြစ်လာနိုင်သော်လည်း လက်တွေ့အကျိုးသက် ရောက်နိုင်သော ပုံများလည်းဖြစ်နိုင်ကြောင်း NASA ကထုတ်ဖော်ပြောကြားသည်။

အင်္ဂါဂြိုဟ်ခရီးစဉ်သည် အများပြည်သူများ သွားရောက်လည်ပတ်ရန်အတွက် အဆင်ပြေနိုင်မည့် ခရီးစဉ် မဟုတ်သေးသော် လည်း ပုဂ္ဂလိက အာကာသခရီးသွားကုမ္ပဏီများက အင်္ဂါဂြိုဟ်ခရီးစဉ်အတွက် အပြိုင်အဆိုင်ကြော်ငြာကာ အများပြည်သူကို စွဲဆောင်လျက်ရှိသည်။

အင်္ဂါဂြိုဟ်၏ လေထုဝန်းကျင်သည် ကမ္ဘာမြေထက် လေထုသိပ်သည်းဆ အဆ ၁၀၀ ပိုပြီးပါးလွှာကာ ကာဘွန်ဒိုင်အောက်ဆိုက် ၉၅ ရာခိုင်နှုန်းဖုံးလွှမ်းပြီး၊ အောက်ဆီဂျင် သုညဒသမ ၁၃ ရာခိုင်နှုန်းသာရှိကြောင်း၊ အပူချိန်မှာလည်း ဒေသအလိုက် အမျိုး မျိုးဖြစ်ပေါ်လျက်ရှိကြောင်း၊ အနုတ် ၁၉၅ ဒီဂရီ ဖာရင်ဟိုက်မှ အပေါင်း ၇၀ ဒီဂရီဖာရင်ဟိုက်အထိ ရှိနေသော ဂြိုဟ်တစ်ခုဖြစ် ကြောင်း NASA ကထုတ်ပြန်ထားသည်။

အပူချိန်သည် ပျမ်းမျှ သုညဒီဂရီအောက် ၈၀ အထိကျရောက်နေသည့် ဒေသဖြစ်သောကြောင့် လူတို့၏နေထိုင်နိုင်မှုကို ဦးစွာ စဉ်းစားပြီးမှ ခရီးစဉ်နှင့် နေထိုင်မှုကို စဉ်းစားရန်လိုကြောင်း၊ လေမရှိသည့် ဒေသတွင် အောက်ဆီဂျင်ရရှိရေးကို အဓိကလုပ် ဆောင်ရန် လိုအပ်ကြောင်း National Monitor သတင်းတွင် ရေးသားထားသည်။

Powered by Bullraider.com