စက္ကန့် ၃၀ ဖြင့် သော့များကိုဖွင့်နိုင်သော စက်ရုပ်တီထွင်

http://i.kinja-img.com/gawker-media/image/upload/s--pPvaq824--/c_fit,fl_progressive,q_80,w_636/1252197772790230054.jpg

လန်ဒန်၊ မေ ၁၇

3D ပရင်တာဖြင့် ပုံဖော်ထုတ်လုပ်ထားသော သော့တိုင်းကို စက္ကန့် ၃၀ အတွင်းဖွင့်ပေးနိုင်မည့် စက်ရုပ်ကို ဆမ်မီ ကမ်ကာ ဆိုသူက တီထွင်နိုင်ခဲ့ကြောင်း CNET သတင်းတွင်ဖော်ပြထားသည်။

Combo Breaker ဟုအမည်ပေးထားသော ကွန်ပျူတာ 3D ဖြင့် ပုံစံထုတ်ကာ ပရင်တာဖြင့် တီထွင်ထုတ်လုပ်ထားသည့် စက်သည် မည်သည့်သော့ကိုမဆို အချိန်တိုအတွင်း ဖွင့်နိုင်ကြောင်း ယင်းသတင်းကဆိုသည်။

သော့ဖွင့်စက်သည် နံပါတ်ဖြင့်လှည့်ဖွင့်ရသည့် သော့များ၏ ပထမတစ်လုံးနှင့် တတိယတစ်လုံး၏ ဖြစ်နိုင်ခြေများကို တွက်ဆ ပြီးသည်နှင့် လျှို့ဝှက်နံပါတ်များကို ဖော်နိုင်စွမ်းရှိစေရန်ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆမ်မီက ပြောကြားသည်။

ဆမ်မီက သော့များကို မည်သို့ဖွင့်နိုင်ကြောင်းကို သူ၏ကိုယ်ပိုင် Blog (http://samy.pl/#http://) တွင် အပြည့်အစုံရေးသားထားပြီး၊ ပစ္စည်းထုတ်ပုံ၊ ဒီဇိုင်းဆင်ပုံတို့ကအစ အပြည့်အစုံ တင် ပေးထားသည်။

သော့ဖွင့်သည့်စနစ်ကို Open source စနစ်ဖြင့် ဖော်ပြထားပြီး မည်သည့် ကွန်ပျူတာစနစ်နှင့်မဆို လေ့လာနိုင်ကာ ကိုယ်တိုင်စမ်းသပ်နိုင်ကြောင်း ယင်းကဆိုသည်။

ဆမ်မီသည် ၂၀၁၁ ခုနှစ်ကတည်းက ကြိုးမဲ့ လူခေါ်ခေါင်းလောင်းစနစ်ဖြင့် အိမ်တံခါးကို ခိုးဖောက်နိုင်ခဲ့သူဖြစ်ပြီး Google ၏ Android ဖုန်းများကို ခိုးဖောက်နိုင်ခဲ့ခြင်းကြောင့် ထင်ရှားခဲ့သူတစ်ဦးလည်းဖြစ်သည်။

Powered by Bullraider.com