Intel သိပ္ပံထူးချွန်ဆု ဗင်ကူးဗားမှ ကျောင်းသားနှစ်ယောက်ရရှိ

http://www.ctvnews.ca/polopoly_fs/1.2377607.1431813487!/httpImage/image.jpg_gen/derivatives/landscape_960/image.jpg

သိပ္ပံချွန်ကျောင်းသားများကို နှစ်စဉ်မွေးထုတ်ကာ ပရောဂျက်များဆက်လက်လုပ်ဆောင်နိုင်ရေး ထောက်ပံ့ပေးနေသည့် ကမ္ဘာကျော် ဟာ့ဒ်ဝဲကုမ္ပဏီကြီးတစ်ခုဖြစ်သော Intel ကုမ္ပဏီသည် ကနေဒါနိုင်ငံ၊ ဗင်ကူးဗားမြို့ အထက်တန်းကျောင်းမှ ကျောင်းသားနှစ်ဦးအား အမြင့်ဆုံးသိပ္ပံချွန်ဆုအပြင် ဆုကြေးငွေများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း CTV သတင်းတွင် ဖော်ပြထားသည်။

ဗင်ကူးဗားအထက်တန်းကျောင်းမှ အသက် ၁၇ နှစ်အရွယ်ရှိ ရေမွန် ဝမ်သည် အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယား ပြည်နယ်၊ ပစ္စဘတ်မြို့တွင် ကျင်းပသည့် အထက်တန်းကျောင်းများ သိပ္ပံထူးချွန်မှုပြိုင်ပွဲတွင် ပထမဆုအဖြစ် အမေရိကန် ဒေါ်လာ ၇၅,၀၀၀ ကိုလက်ခံရရှိခဲ့ပြီး၊ ဗင်ကူးဗားမှ အခြားကျောင်းသူတစ်ဦးဖြစ်သူ နစ်ခိုလေ တီဆီယာကလည်း တီထွင်မှု အတွက် ဆုကြေး ဒေါ်လာ ၅၀,၀၀၀ ရရှိခဲ့ကြောင်း ယင်းသတင်းကဆိုသည်။

ဝမ်သည် လေယာဉ်ထဲတွင် ရောဂါပိုးမွှားများကို အလွယ်တကူရှင်းပစ်နိုင်သည့် နည်းစနစ်ကိုလည်းကောင်း တီဆီယာသည် HIV ရောဂါကို အလွယ်တကူ စမ်းသပ်စစ်ဆေးနိုင်သည့်နည်းကိုလည်းကောင်း တီထွင်နိုင်သောကြောင့် ယင်းသို့ဂုဏ်ပြုဆုများ ချီးမြှင့်ခံရခြင်းဖြစ်ကြောင်း CTV သတင်းတွင် ရေးသားထားသည်။

Powered by Bullraider.com