၂ နှစ်ကြာ မျက်လုံးထဲ စိုက်ဝင်သွားသော သံချောင်းကို မခွဲစိတ်ဘဲ ဆွဲထုတ်နိုင်ခဲ့

https://thenypost.files.wordpress.com/2015/05/nail_in_the_eye-1.jpg?w=720&h=480&crop=1

ဘော့စ်တွန်၊ မေ ၁၄

လွန်ခဲ့သည် နှနှစ်ခန့်ကတည်းက မျက်လုံးထဲသို့ မတော်တဆ စိုက်ဝင်နေခဲ့သော သုံးလက်မအရွယ် သံချောင်းတစ်ချောင်းကို မခွဲမစိတ်ရဘဲ အောင်မြင်စွာ ဆွဲထုတ်နိုင်ခဲ့ကြောင်း AP သတင်းတွင်ဖော်ပြထားသည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဘော့စ်တွန်မြို့သား လူငယ်တစ်ဦးသည် လွန်ခဲ့သည် နှနှစ်ခန့်က မြက်ရိပ်စက်ကို မောင်းနှင်နေရာမှ သံတစ်ချောင်းသည် လွှင့်စဉ်ထွက်လာပြီး မျက်လုံးထဲစိုက်ဝင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

ယင်းအမည်မဖော်ပြထားသည့် လူငယ်ကို ဆရာဝန်များသည် မက်ဆာချူးဆက် အထွေထွေဆေးရုံကြီးတွင် ခွဲစိတ်ထုတ်ပေး ရန် စီစဉ်ခဲ့ကြောင်း နယူးအင်္ဂလန်ဆေးပညာဂျာနယ်တွင် ရေးသားထားသည်။

သံချောင်းသည် မျက်လုံး၏ ဗဟိုတည့်တည့်တွင် စိုက်ဝင်နေခြင်း မဟုတ်ဘဲ၊ အဓိကကျသည့် သွေးလွှတ်ကြောကို ထိခိုက်ထား ပြီး စိုက်ဝင်နေခြင်းဖြစ်ကြောင်းကို ဆရာဝန်များ သိရှိပြီး ခွဲစိတ်ရမည်ကို ကြံရာမရ ဖြစ်နေကြကြောင်း၊ ဦးခေါင်းကခွဲရမည် လော၊ လည်ပင်းကခွဲထုတ်ရမည်လောဟု ဝေခွဲမရဖြစ်နေခဲ့ကြောင်း၊ နောက်ဆုံးတွင် ဆရာဝန်များသည် အရဲစွန့်ပြီး နှနှစ်ကြာ မခွဲစိတ်ရဲသော သံချောင်းကို သာမန်လက်ဖြင့် ဆွဲထုတ်လိုက်၍ ရသွားကြောင်း ယင်းဂျာနယ်တွင် ရေးသားထားသည်။

ယခုအခါ ယင်းလူနာသည် အခြေအနေအားလုံး ကောင်းနေကြောင်း၊ စက်ပစ္စည်းများကို ကိုင်တွယ်ရာတွင် မျက်မှန်တပ်ပြီးမှ ကိုင်ဆောင်သင့်ကြောင်း ဆရာဝန်များက အကြံပြုထားသည်။

Powered by Bullraider.com