မည်သည့်မျက်နှာပြင်ပေါ်တွင်မဆိုရေးနိုင်ပြီး စာများကိုဖုန်းတွင်ပေါ်စေနိုင်သည့် စမတ်ပင်တီထွင်

http://core0.staticworld.net/images/article/2015/05/phree_lead_image-100585038-primary.idge.jpg

ဝါရှင်တန်၊ မေ ၁၄

ပေါင်ပေါ်တွင်ဖြစ်စေ၊ စားပွဲပေါ်တွင်ဖြစ်စေ မည်သည့် မျက်နှာပြင်ပေါ်တွင်မဆို စာများရေးနိုင်ပြီး ရေးလိုက်သည့် စာတိုင်းကို ဖုန်းမျက်နှာပြင်တွင်ပေါ်စေနိုင်သည့် စမတ်ပင်ခေါ် အီလက်ထရွန်းနစ် စာရေးကိရိယာတစ်မျိုးကို OTM ကုမ္ပဏီက တီထွင်နိုင်ခဲ့ကြောင်း AFP သတင်းတွင်ဖော်ပြထားသည်။

Phree ဟုအမည်ပေးထားသည့် ကွန်ပျူတာ တက်ဘလက် မျက်နှာပြင်ပေါ်တွင် အသုံးပြုရသော stylus စာရေးတံပုံစံ စမတ်ပင်ကို အစ္စရေးနိုင်ငံအခြေစိုက် OTM Technologies ကုမ္ပဏီက တီထွင်ခဲ့ခြင်းဖြစ်ပြီး 3D laser interferometer ဆင်ဆာစနစ်ကို ထည့်သွင်းထားသောကြောင့် ပြင်ပတစ်နေရာတွင် ရေးလိုက်သမျှသော စာများကို Bluetooth ဆက်သွယ်ရေးစနစ်ဖြင့် ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်လာစေရန် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ယင်း သတင်းကဆိုသည်။

ဖုန်းမျက်နှာပြင်သေးသေးဖြင့် အသုံးပြုရခြင်းကို အဆင်မပြေသူများဖြစ်စေ၊ တစ်ဦးနှင့်တစ်ဦး စာရိုက်ပို့ပြီး ဆက်သွယ်ရန် အဆင်မပြေနိုင်သည့်အနေအထားတွင်ဖြစ်စေ တစ်နေရာမှ ရေးလိုက်သည့်စာကို အခြားတစ်နေရာတွင် စာဖြင့်ပေါ်လာစေ သဖြင့် Viber, OneNote, Office ဆော့ဖ်ဝဲများဖြင့် တွဲသုံးရသည်မှာ ပိုပြီးအဆင်ပြေလာဖွယ်ရှိကြောင်း တီထွင်သူ များကပြောကြားသည်။

Phree စမတ်ပင်ထဲတွင် စပီကာ၊ မိုက်ခရိုဖုန်းများလည်းပါသောကြောင့် နားကြပ်သုံးကာ ဖုန်းဖြင့်ချိတ်ဆက်အသုံးပြုနိုင် ကြောင်း၊ ယခုရှေ့ပြေးထုတ်လုပ်ထားသည့် စမတ်ပင်သည် အရှည် ၅ ဒသမ ၅ လက်မခန့်ရှိကြောင်း၊ အလေးချိန် ၃၀ ဂရမ်ခန့် သာရှိပြီး အနက်၊ မီးခိုး၊ ရွှေ၊ ငွေရောင်များဖြင့် ထုတ်မည်ဖြစ်ပြီး ၁၆၉ ဒေါ်လာခန့်ဖြင့် ဝယ်ယူသုံးစွဲနိုင်ကြောင်း၊ ဇွန်လကုန်ခန့် တွင် ဈေးကွက်သို့ရောက်မည်ဖြစ်ကြောင်း AFP သတင်းတွင်ရေးသားထားသည်။

Powered by Bullraider.com