အိန္ဒိယ-အမေရိကန်နိုင်ငံသား နိုင်ငံတကာလူငယ်သိပ္ပံချွန်ဆုရရှိ

http://ste.india.com/sites/default/files/2015/05/18/358528-intel.jpg

အသက် ၁၈ နှစ်အရွယ်ရှိ အိန္ဒိယ-အမေရိကန်နိုင်ငံသား ကာရန် ဂျရက်ဆိုသူသည် အမေရိကန်ပြည်ထောင်စု၊ ပစ္စဘတ်မြို့တွင် ကျင်းပလျက်ရှိသည့် နိုင်ငံတကာ သိပ္ပံပွဲတော်၌ Intel ဖောင်ဒေးရှင်းကပေးအပ်သော လူငယ်သိပ္ပံထူးချွန်ဆုကို ရရှိခဲ့ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

ကာရန်သည် ပင်လယ်ရေအောက် ရေနံပိုက်လိုင်းများ ယိုစိမ့်မှုကို အမြန်ဆုံးပိတ်ဆို့တားဆီးပေးနိုင်မည့် နည်းစနစ်ကို တီထွင် ပေးနိုင်ခဲ့သောကြောင့် ကမ္ဘာကျော်ဟာ့ဒ်ဝဲကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Intel က အကောင်းဆုံး သိပ္ပံထူးချွန်ဆုအဖြစ် ဒေါ်လာ ၅၀၀၀၀ ကို ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း ယင်းသတင်းကဆိုသည်။

Intel ကကြီးမှူးကျင်းပသည့် ယခုနှစ်သိပ္ပံပြပွဲပြိုင်ပွဲသို့ နိုင်ငံတကာမှ လူငယ်သိပ္ပံပညာရှင်ပေါင်း ၁၇၀၀ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး နိုင်ငံပေါင်း ၇၅ နိုင်ငံမှ တီထွင်မှုပေါင်း ၄၂၂ မျိုးကို ပြသခဲ့ကြောင်း Reuters သတင်းတွင် ရေးသားထား သည်။

Powered by Bullraider.com