ဖုန်းကို မျက်လုံးဖြင့် ဖွင့်နိုင်မည်ဟုဆို

Category: မောက္ခနိုင်ငံတကာသတင်း
Published on Friday, 22 May 2015 03:08
Written by သတင်းအဖွဲ့

http://stech2.firstpost.com/tech2images/640x359/proportional/jpeg/2015/05/NTT_AFP_640-624x351.jpg

စမတ်ဖုန်းများ လုံခြုံရေးအတွက် မိမိမျက်လုံးဖြင့်သာကြည့်ပြီး ဖွင့်ပေးနိုင်မည့် ဖုန်းတစ်မျိုးကို ဂျပန်နိုင်ငံ မိုဘိုင်းလ် ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သော NTT Docomo ကတီထွင်နိုင်ခဲ့ကြောင်း AFP သတင်းတွင်ဖော်ပြထား သည်။

Fujitsu Arrows NX F-04G ဟု အမည်ပေးထားသော ယင်းကုမ္ပဏီထုတ်ဖုန်းသည် ဖုန်း password မလိုဘဲ ဖုန်းကို ဖွင့်နိုင်သကဲ့သို့ အွန်လိုင်း ငွေပေးချေမှုဆိုင်ရာ ကိစ္စများကိုလည်း မိမိမျက်ဝန်းကို မှတ်တမ်းတင်ပေးထားမှုအရ ဖုန်းက တစ်ဆင့် scan ဖတ်ကာ လုပ်ဆောင်ပေးနိုင်ကြောင်း ယင်းသတင်းကဆိုသည်။

ယင်းဖုန်းကို အသုံးပြုမည့်သူသည် အနီအောက်ရောင်ခြည်ဖြင့် ဖုန်းကင်မရာမှ မှတ်တမ်းတင်အသိအမှတ်ပြုခြင်းအား ခံယူပြီး နောက် လုံခြုံစိတ်ချစွာဖြင့် အသုံးပြုနိုင်ကြောင်း၊ NX F-04G ဖုန်းများကို ယခုအခါ ဂျပန်နိုင်ငံတစ်နိုင်ငံတည်းတွင်သာ အသုံး ပြုနိုင်မည်ဖြစ်ကြောင်း AFP တွင်ရေးသားထားသည်။

Powered by Bullraider.com