အသက်ကြီး၍ ပျက်စီးသွားသော ဦးနှောက်များကို ပြန်လည်ကုစားနိုင်ဟုဆို

http://i.telegraph.co.uk/multimedia/archive/01632/labMice_1632902c.jpg

ဝါရှင်တန်၊ မေ ၂၁

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားတက္ကသိုလ်မှ သုတေသနပညာရှင်များသည် အသက်အရွယ်ကြီးရင့်လာသော ကြောင့် ဦးနှောက်အစိတ်အပိုင်းများ ပျက်စီးကာ မှတ်ဉာဏ်ချွတ်ယွင်းလာသည့် ကြွက်များ၏ ဦးနှောက်အား ပြန်လည်နုပျို လာစေရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း CNBC သတင်းတွင်ဖော်ပြထားသည်။

အသက်အရွယ်ကြီးရင့်လာလျှင် ပျက်စီးလာသည့် ဦးနှောက်အခန်းများကို ပြန်လည်ကုစား အစားမထိုးနိုင်ဟု ထင်ခဲ့ကြသော အယူအဆတစ်ခုကို ဒေါက်တာ ဆူနီ ဂန္ဒီဦးဆောင်သည့် သုတေသသနအဖွဲ့သည် ကြွက်အိုများကို လက်တွေ့ကုသပြီး ကြွက်ပျို များကဲ့သို့ လုပ်ဆောင်နိုင်စွမ်းကို လက်တွေ့ပြသနိုင်ခဲ့ကြောင်း ယင်းသတင်းကဆိုသည်။

ဦးနှောက်အစိတ်အပိုင်းများ အားလုံးသည် နုပျိုသည့်အရွယ်တွင် ဆဲလ်များအားလုံးနှင့် ဆက်သွယ်ကာ လုပ်ဆောင်နိုင်စွမ်း ရှိသောကြောင့် စိတ်သွားတိုင်း ကိုယ်ပါဆိုသည့် အနေအထားမျိုးဖြစ်တတ်ကြောင်း၊ အသက်အရွယ် ရလာသည်နှင့် ပျက်စီးသွားသည့် အပိုင်းများကြောင့် လှုပ်ရှားမှုများလည်း နှေးကွေးထိုင်းမှိုင်းပြီး၊ တွေးခေါ်စဉ်းစားနိုင်စွမ်းများပါ အဆက် အစပ်မဲ့တတ်ကြောင်း၊ ယခုအခါ ယင်းတို့ကို ပြန်လည်ကုစားပြီး နုပျိုစဉ်ကအတိုင်း လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ဂန္ဒီက ပြောကြားသည်။

သူနှင့် အပေါင်းအပါများသည် ဦးနှောက်အတွင်းရှိ ပြန်လည်နုပျိုစေနိုင်သော အပိုင်းကို ရှာဖွေတွေ့ရှိထားပြီး ယင်းအစိတ် အပိုင်းများကို ပြန်လည်ကုစားခြင်းဖြင့် မူလပုံမှန်အတိုင်းဖြစ်စေရန်လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ မကြာမီလူများကိုပါ လုပ်ဆောင် နိုင်တော့မည်ဖြစ်ကြောင်း CNBC သတင်းတွင်ရေးသားထားသည်။

ပညာရှင်များသည် ကြွက်များ ဦးနှောက်အတွင်းရှိ Amblyopia ဆိုသည့် ဝေဒနာခံစားနေရသော ဆဲလ်များကို ထုတ်ကာ ယင်းနေရာတွင် GABA ဟုခေါ်သော ဆဲလ်များကို အစားထိုးလိုက်ခြင်းဖြင့် ဦးနှောက်များကို ပြန်လည်နုပျိုစေရန်ဆောင်ရွက် နိုင်ကြောင်း Neuron ဂျာနယ်တွင် အသေးစိတ်ရေးသားဖော်ပြထားသည်။

Powered by Bullraider.com