ပါရာစီတမောကို ရေရှည်စွဲသောက်သည့် မိခင်များ သန္ဓေသားအတွက်စိုးရိမ်ရဟုဆို

http://i.dailymail.co.uk/i/pix/2012/05/31/article-2152564-0AFCB85E000005DC-283_468x411.jpg

အီဒင်ဘတ်တက္ကသိုလ်မှ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ကိုယ်ဝန်ဆောင်မိခင်များသည် ပါရာစီတမောဆေးကို စွဲမြဲ သောက်သုံးပါက ကလေးငယ်များမွေးဖွားလာသည့်အခါတွင် မျိုးပွားခြင်းဆိုင်ရာ ကိစ္စများ ပုံမှန်အတိုင်းမဟုတ်ဘဲ ဖောက်လွဲ ဖောက်ပြန်ဖြစ်စေနိုင်ကြောင်း Irish Examiner သတင်းတွင်ဖော်ပြထားသည်။

အကိုက်အခဲပျောက်ဆေးအနေဖြင့် အသုံးပြုနေကြသည့် မိခင်လောင်းများသည် ပါရာစီတမောဆေးများကို ဆရာဝန် ညွှန်ကြား ချက်ဖြင့်သာ ကိုယ်ဝန်ဆောင်ချိန်တွင် သောက်သုံးသင့်ကြောင်း ယင်းသတင်းကဆိုသည်။

သုတေသီများသည် ကြွက်ထီးများကို တစ်နေ့လျှင် ပါရာစီတမော သုံးကြိမ်တိုက်ကျွေးခဲ့ရာ တစ်ပတ်အကြာတွင် ယင်းတို့၏ဟော်မုန်းဓာတ်များ ၄၅ ရာခိုင်နှုန်းလျှော့နည်းသွားသည်ကိုတွေ့ရသဖြင့် ယခုကဲ့သို့ သတိပေးချက်ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း သုတေသီများက ပြောကြားသည်။

Powered by Bullraider.com