ကမ္ဘာမြေမှ မိုင်ပေါင်း ၄၅၀၀ အကွာရှိ Ceres ဂြိုဟ်မှ ထူးဆန်းသည့် အလင်းတန်းများတွေ့ရှိ

http://d38zt8ehae1tnt.cloudfront.net/images/news/700_c3b0f4fac5389d3733c9c07a835fea73.jpg

ကမ္ဘာမြေပြင်မှ မိုင် ၄၅၀၀ အကွာတွင်ရှိနေသည့် Ceres ဆိုသော ဂြိုဟ်ကြီးတစ်ခုမှ ထူးဆန်းစွာ အလင်းတန်းများဖြင့် အချက်ပြနေမှုများကို လက်ခံရရှိခဲ့ကြောင်း ကာလီဖိုးနီးယားတက္ကသိုလ်မှ Dawn ဟုခေါ်သည် အာကာသစူးစမ်းလေ့လာရေး အဖွဲ့ခေါင်းဆောင် ခရစ်တိုဖာ ရပ်ဆဲလ်၏ ထုတ်ဖော်ပြောကြားချက်ကို Live Science သတင်းတွင်ဖော်ပြထားသည်။

ယင်းအလင်းတန်းများသည် ရေခဲပြင်ကို နေရောင်ထိုးရာမှ ပေါ်ထွက်လာသည့် အလင်းတန်း သို့မဟုတ် မီးတောင်ပေါက်ကွဲ ရာမှ ထွက်လာသည့် အလင်းတန်းများဖြစ်မည်ဟု ယခင်ကယုံကြည်ခဲ့သော်လည်း ယခုတစ်ကြိမ်တွေ့ရှိခဲ့ရသည့် အလင်းတန်းပုံစံမှာ အချက်ပြနေသည့်ပုံစံဖြစ်နေကြောင်း ယင်းသတင်းကဆိုသည်။

Dawn အဖွဲ့ကအာကာသအတွင်း လွှတ်တင်ထားသည့် ယာဉ်သည် ယင်းအချက်ပြဆက်သွယ်မှုကို နှစ်ကြိမ်တိုင် ရရှိခဲ့ကြောင်း ရပ်ဆဲလ်ကပြောကြားသည်။

Powered by Bullraider.com