နံရံကပ် HDTV အပါးလွန်တီဗီ LG ကုမ္ပဏီတီထွင်

http://rack.1.mshcdn.com/media/ZgkyMDE1LzA1LzIxL2M1L0xHb2xlZHdhbGwuNDcxMjIuanBnCnAJdGh1bWIJMTIwMHg5NjAwPg/9ccf4c25/075/LG-oled-wall.jpg

ဆိုးလ်၊ မေ ၂၄

အိမ်နေရာထိုင်ခင်း ပြဿနာရှိသူများအတွက် ကြီးမားသည့် တီဗီအမျိုးအစားများကို အလွယ်တကူ အိမ်နံရံတွင် ကပ်ပြီးသုံးနိုင် ရန် စက္ကူတမျှပါးလှပ်သော HDTV အမျိုးအစား တီဗီကို ကမ္ဘာကျော် အီလက်ထရွန်းနစ် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် LG ကတီထွင်နိုင်ခဲ့ကြောင်း CNET သတင်းတွင်ဖော်ပြထားသည်။

နံရံပေါ်တွင် ပန်းချီကားတစ်ချပ် ချိတ်ထားစသကဲ့သို့ရှိနေမည်ဖြစ်ပြီး မကြာမီထုတ်လုပ်တော့မည့် ယင်းတီဗီကို သာမန်သုံးစွဲ သူများအနေဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် အခက်အခဲရှိနေဦးမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် အကြိုက်တွေ့ပြီး ဝယ်ယူရမည့် စာရင်းဝင်တီဗီဖြစ်လာနိုင်ကြောင်း ယင်းသတင်းကဆိုသည်။

LG ကယခုထုတ်လုပ်မည့် အပါးလွန် တီဗီသည် မြင်ကွင်း ၅၅ လက်မရှိမည်ဖြစ်ပြီး OLED မှန်အမျိုးအစားမျက်နှာပြင်ကို အသုံးပြုထားကာ အလေးချိန်မှာလည်း ၁ ဒသမ ၉ ကီလိုဂရမ်ခန့်သာရှိကြောင်း၊ အထူမှာလည်း တစ်မီလီမီတာသာရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

နံရံပေါ်သို့ ယင်းတီဗီချပ်များကို သံလိုက်ဆွဲငင်အားဖြင့် ကပ်ထားရမည်ဖြစ်ပြီး မိမိစိတ်ကြိုက်နေရာများကို အလွယ်တကူ ပြောင်းရွှေ့တပ်ဆင်နိုင်မည်ဖြစ်သည်။

လက်ရှိ LG ကထုတ်သည့် ၆၅ လက်မအမျိုးအစား 4K TV များသည် ဒေါ်လာ ၉၀၀၀ ဖြင့် ဈေးကွက်တွင်ရောင်းချလျက်ရှိပြီး OLED နံရံကပ်တီဗီကို ဈေးမသတ်မှတ်ရသေးကြောင်း၊ လာမည့်နှစ်အတွင်း ယင်းတီဗီအမျိုးအစားများကို လုံးရေ ခြောက်သိန်းခန့်ထုတ်လုပ်နိုင်ရန် လျာထားကြောင်း LG တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားသည်။

Powered by Bullraider.com