ဆိုလာပြားကတစ်ဆင့် တက်ဘလက်နှင့်ဖုန်းများကို တိုက်ရိုက်အားဖြည့်သုံးနိုင်မည်

http://designyoutrust.com/wp-content/uploads/2014/04/Solartab32-650x431.jpg

ဝါရှင်တန်၊ မေ ၂၄

တက်ဘလက်အရွယ်အစားခန့်သာရှိသည့် Solartab ဟုခေါ်သော နေရောင်ခြည်စွမ်းအင်ပြားကတစ်ဆင့် မိမိသုံးနေသော တက်ဘလက်နှင့် ဖုန်းများကို အားပြန်ဖြည့်ပေးနိုင်မည့် ပစ္စည်းတစ်မျိုးကို တက်ဘလက်များနှင့် တွဲသုံးသည် Smart Cover အဖြစ် တီထွင်ထုတ်လုပ်နိုင်ခဲ့ကြောင်း Stuff သတင်းတွင်ဖော်ပြထားသည်။

ယင်းဆိုလာပြားသည် iPad တက်ဘလက်ပုံစံ အရွယ်အစားအတိုင်း ထုတ်ထားပြီး 9.7" x 7.6" အရွယ်အစားရှိကာ USB port နှစ်ပေါက်ဖြင့် တွဲသုံးနိုင်ပြီး၊ နေရောင်ခြည်စွမ်းအင်ကတစ်ဆင့် 5WP စွမ်းအားကို ထုတ်ပေးနိုင်ကြောင်း ယင်းသတင်းက ဆိုသည်။

Polyurethane အမျိုးအစား နေရောင်ခြည်စွမ်းအင်ပြားကို အသုံးပြုထားသော ယင်းအပြားကို နေရောင်ထဲပြထားလိုက်ရုံ ဖြင့် ဘက်ထရီစွမ်းအင် 13000 mAh ကိုအားဖြည့်ထားပြီးသားဖြစ်ကာ စမတ်ဖုန်းနှင့် တက်ဘလက်များကို တစ်ဆင့်အားပြန် သွင်းနိုင်မည်ဖြစ်သည်။

iPad တက်ဘလက်ထက် အနည်းငယ်မျှသာကြီးသော ယင်း Solartab ပြားမှာ အလေးချိန် ၄၀၀ ဂရမ်ခန့်သာရှိပြီး ဒေါ်လာ ၉၀ မှ ၁၅၀ အတွင်း ဈေးကွက်တွင်ရောင်းချနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ လာမည့် ဇူလိုင်လအတွင်း ဝယ်ယူသုံးစွဲ နိုင်မည်ဖြစ်ကြောင်း Stuff သတင်းတွင် ရေးသားထားသည်။

Powered by Bullraider.com