တစ်နာရီ မိုင် ၄၅၀ နှုန်းမောင်းနိုင်သည့် ကမ္ဘာ့အမြန်ဆုံးသုံးဘီးတပ်ယာဉ်တီထွင်

http://images.gizmag.com/gallery_lrg/richard-browns-jet-reaction-6.jpg

လန်ဒန်၊ မေ ၂၆

ကမ္ဘာ့အမြန်ဆုံးသုံးဘီးတပ်ယာဉ်အဖြစ် စံချိန်တင်နိုင်မည့် တစ်နာရီ မိုင် ၄၅၀ နှုန်းမောင်းနှင်နိုင်သော ဂျက်ယာဉ်တစ်မျိုးကို ဝေးလ်စ်နယ် သဲသောင်ပြင်တွင် စမ်းသပ်မောင်းနှင်နိုင်ခဲ့ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

Jet Reaction ဟုအမည်ပေးထားသော ယင်းစက်စွမ်းအင်သုံးယာဉ်တွင် တာဘိုဂျက်အင်ဂျင်တပ်ဆင်ထားပြီး အမြန်နှုန်းကို တစ်နာရီ မိုင် ၄၅၀ နှုန်းမောင်းနှင်နိုင်ခဲ့ ကြောင်း ယင်းသတင်းကဆိုသည်။

ဒေါ်လာ ၁၅၅၀၀၀ အကုန်ခံကာတည်ဆောက်ထားသည့် ယင်းဂျက်ယာဉ်ကို အသက် ၅၀ နှစ်အရွယ်ရှိ အောက်စ်ဖို့ဒ်မှ ရစ်ချက် ဘရောင်း ဆိုသူက တီထွင်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် လေးနှစ်ခန့်ကတည်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဘရောင်းသည် ၂၀၁၀ ပြည့်နှစ်က အမေရိကန်သား ရော့ကီ ရော်ဘင်ဆန်တီထွင်ခဲ့သော နှစ်ဘီးတပ်ဂျက်ယာဉ်၏ စံချိန် ဟောင်းဖြစ်သော တစ်နာရီ ၃၆၇ ဒသမ ၃၆၃ မိုင်စံချိန်ကို ချိုးနိုင်ခဲ့သည်ဆိုသော်လည်း နှစ်ဘီးတပ်ယာဉ်မဟုတ်သဖြင့် အကျုံးမဝင်ခဲ့ပေ။

ယခု ဘရောင်းတီထွင်ခဲ့သော ယာဉ်သည် သုံးဘီးတပ်ယာဉ်ဖြစ်ပြီး အင်ဂျင်မှာ ယခင်အသုံးပြုခဲ့သည့် ရဟတ်ယာဉ် အင်ဂျင်အမျိုးအစား ဂက်စ်တာဘိုင် အင်ဂျင်ဖြစ်ကြောင်း၊ မကြာသေးမီက ယင်းဂျက်ယာဉ်ဖြင့်ပင် မောင်းနှင်ခဲ့ရာ တစ်နာရီ မိုင် ၄၀၀ နှုန်း မောင်းနှင်နိုင်ခဲ့ပြီး ယခုစံချိန်သစ်အဖြစ် တစ်နာရီ မိုင် ၄၅၀ နှုန်းကို မောင်းနှင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု Reuters သတင်းတွင်ရေးသားထားသည်။

Powered by Bullraider.com