အသက် ၆၅ နှစ်အရွယ်အဖွား လေးမွှာပူးမွေး

http://i.kinja-img.com/gawker-media/image/upload/s--hiB61QWu--/c_fit,fl_progressive,q_80,w_636/1265286078450819110.jpg

အသက် ၆၅ နှစ်အရွယ်ရှိ ဂျာမန်အဖွားတစ်ဦးသည် ဘာလင်ဆေးရုံကြီးတွင် ယောက်ျားလေးသုံးဦးနှင့် မိန်းကလေးတစ်ဦး စုစုပေါင်း လေးမွှာပူးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

အန်နာဂရက် ရောနစ်ဆိုသူ ယင်းအဖွားသည် သားသမီး ၁၃ ယောက်နှင့် မြေး ၇ ဦးရှိခဲ့ပြီးဖြစ်သော်လည်း ယခုအခါ နောက်ထပ် လေးမွှာပူးကို အောင်မြင်စွာမွေးဖွားခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

ဘာလင်တွင်နေထိုင်ပြီး အင်္ဂလိပ်စာနှင့် ရုရှားစာများသင်ကြားပေးခဲ့သည့် ဆရာမတစ်ဦးဖြစ်သူ ရောနစ်သည် ယူကရိန်းနိုင်ငံ တွင်သွားရောက်ကာ ကိုယ်ဝန်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ လေးမွှာပူးကို မွှေးဖွားနိုင်ခဲ့သောကြောင့် ဆေးပညာသိပ္ပံသမိုင်း တွင် အသက်အကြီးဆုံး အမွှာမွေးသူအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

Powered by Bullraider.com