အွန်လိုင်းကတစ်ဆင့် မူးယစ်ဆေးရောင်ဝယ်သူ တစ်သက်တစ်ကျွန်းဒဏ်ချမှတ်

http://i.telegraph.co.uk/multimedia/archive/03323/Ross_Ulbricht__1re_3323330a.jpg

နယူးယော့ခ်၊ မေ ၃၁

Silk Road ဟုအမည်ပေးထားသော လျှို့ဝှက်မြေအောက် အွန်လိုင်း Website တစ်ခုကို ထူထောင်ထားသူတစ်ဦးသည် အွန်လိုင်းပေါ်ကတစ်ဆင့် တရားမဝင်မူးယစ်ဆေးဝါး ဒေါ်လာ သန်း ၂၀၀ ကျော်ဖိုးကို ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် တရား မဝင်သုံးစွဲနေကြသည့် bitcoin များအားအသုံးပြုကာ အရောင်းအဝယ်ပြုလုပ်ခဲ့ကြောင်း ထင်ရှားသဖြင့် အမေရိကန် ပြည်ထောင်စု၊ မင်ဟက်တန်ပြည်နယ်တရားသူကြီး ကက်သရင်း ဖောရက်စ်က တစ်သက်တစ်ကျွန်း အပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အသက် ၃၁ နှစ်အရွယ်ရှိ ရော့စ် အူးဘရစ်ခ်ျဆိုသူအား လွန်ခဲ့သည့် ဖေဖော်ဝါရီလကတည်းက ပြစ်မှုကျူးလွန်ကြောင်း ထင်ရှား သဖြင့် ဖမ်းဆီးအရေးယူခဲ့ပြီး အင်တာနက်ကတစ်ဆင့် မူးယစ်ဆေးဝါးများ ဖြန့်ချိမှု၊ ကွန်ပျူတာ အလွဲသုံးခိုးဖောက်မှု၊ ငွေမည်း ခဝါချမှုများဖြင့် စွဲချက်တင်ကာ စစ်ဆေးအရေးယူခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

တရားရုံးတွင် အူးဘရစ်ခ်ျကို တရားသူကြီးက တစ်သက်တစ်ကျွန်းဒဏ် အပါအဝင် သိမ်းဆည်းရမိသော ဒေါ်လာ ၁၈၃ ဒသမ ၉ သန်းအား နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန်ကိုပါ အမိန့်ချစဉ် ယင်းသည် တစ်ခွန်းမျှပြန်မပြောဘဲ ငြိမ်သက်စွာနားထောင် နေခဲ့သည်။

တရားရုံပြင်ပတွင် အူးဘရစ်ခ်ျ၏ ရှေ့နေဖြစ်သူ ဂျိုးရူဝါ ဒရာတဲလ်က ဤအမိန့်နှင့် ပတ်သက်ပြီး ကြောင်းကျိုးခိုင်လုံမှုမရှိ ကြောင်း၊ တရားမျှတမှု မရှိကြောင်း သတင်းထောက်များကို ဝေဖန်ပြောကြားခဲ့သည်။

အူးဘရစ်ခ်ျသည် တရားခွင်တွင် မိမိသည် Silk Road ကို ဖန်တီးတည်ဆောက်ခဲ့သူမှန်သော်လည်း မူးယစ်ဆေးဝါးရောင်း ဝယ်မှုများကို လုပ်ဆောင်ခြင်း မရှိခဲ့ကြောင်း ငြင်းဆိုခဲ့သည်။

အစိုးရရှေ့နေကမူ Silk Road သည် လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက တရားမဝင်မူးယစ်ဆေးများအပါအဝင် အခြားဥပဒေက ခွင့်မပြုသည့်ပစ္စည်းများကိုပါ ရောင်းချနေခဲ့ကြောင်း၊ ယင်းတို့သည် ဒေါ်လာ ၂၁၄ သန်းဖို့ခန့်အထိ အရောင်း အဝယ်ပြုလုပ်နေသော အဖွဲ့ကြီးတစ်ခုဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုထားသည်။

Powered by Bullraider.com