ရုတ်တရက်လေဖြတ်ကွယ်လွန်သူသားထံမှ ကျောက်ကပ်ဖြင့် မိခင်အသက်ဆက်

http://img17.dreamies.de/img/892/b/3bjgq92heqv.jpg

အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်မှ မိခင်တစ်ဦးသည် ရုတ်တရက်လေဖြတ်ပြီး ကွယ်လွန်သွားသည့် အသက် ၂၄ နှစ်အရွယ် သားဖြစ်သူထံမှ ကျောက်ကပ်ဖြင့် အစားထိုးကုသခြင်းခံရပြီးနောက် အသက်ဆက်နိုင်ခဲ့ကြောင်း ABC သတင်းတွင် ဖော်ပြထားသည်။

ရို့စ်ပယ်ရီအမည်ရှိ ဆီးချိုရောဂါရှိသည့်အပြင် ကျောက်ကပ်လည်း မကောင်းသဖြင့် ဝေဒနာခံစားနေခဲ့ရပြီး ကျောက်ကပ်အစား ထိုးကုသမှုခံယူရန် စာရင်းတင်ထားကာ ငါးနှစ်ခန့် စောင့်ဆိုင်းနေစဉ် လေဖြတ်ထား သဖြင့် အိပ်ယာထဲတွင် မေ့မြောနေသော သားဖြစ်သူ ကွယ်လွန်သွားသောကြောင့် ခင်ပွန်းနှင့် သားငယ်တို့၏ဆန္ဒအရ ဤကဲ့သို့ အစားထိုးမှုခံယူခဲ့ရကြောင်း ယင်းသတင်းကဆို သည်။

အစားထိုးထားသည့် ကျောက်ကပ်သည် နှစ်ရက်အတွင်း လက်ခံသွားသဖြင့် ခွဲစိတ်မှုအောင်မြင်သွားကြောင်း၊ ဘဝကပေးသော လက်ဆောင်တစ်ခုကို ပိုင်ဆိုင်သွားခြင်းဖြစ်ကြောင်း ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ ဒီပတ် မီတယ်ကပြောကြားသည်။

Powered by Bullraider.com