အပူပိုင်းဒေသများအတွက် အမြဲအေးနေစေမည့် အမိုးသစ်တီထွင်

http://i.ebayimg.com/00/s/NTI3WDgwMA==/z/V-0AAOSwZkJUUBW6/$_75.JPG

ဆစ်ဒနီ၊ ဇွန် ၎

သြစတြေးလျှနိုင်ငံ ဆစ်ဒနီမြို့ရှိ နည်းပညာတက္ကသိုလ်မှ ပညာရှင်များသည် ပတ်ဝန်းကျင်ရှိလေဖြင့် အမြဲတန်း အအေးဓာတ် ကို ရရှိစေနိုင်သော ခေါင်မိုးအသစ်တစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း AFP သတင်းတွင်ဖော်ပြထားသည်။

ဒေါက်တာ အန်းဂတ်စ် ဂျန်တယ်နှင့် ပါမောက္ခ ဂျော့ဖ် စမစ်တို့ ဦးဆောင်သည့် သုတေသနအဖွဲ့သည် ပလပ်စတစ်နှင့် ငွေပြား အလွှာများကို ပိုလီမာပြားတစ်ထပ် အပေါ်က အုပ်ပေးပြီး အပူရှိန်ကို လျှော့ချနိုင်သည့် နည်းလမ်းများ ဖော်ထုတ်နိုင်ခဲ့ကြောင်း ယင်းသတင်းကဆိုသည်။

မြို့ပြတွင် အပူရှိန်မြင့်မားလာမှုနှင့် ယင်းအပူရှိန်များကို ပတ်ဝန်းကျင်မထိခိုက်စေရန်၊ ဖန်လုံအိမ် အာနိသင်များ လျှော့ချနိုင် စေရန်အတွက် အမိုးပြားသစ်များကို တီထွင်ထုတ်လုပ်ရခြင်းဖြစ်ကြောင်း Advanced Science ဂျာနယ်တွင်လည်း ရေးသားထားသည်။

အမိုးပြားများသည် နေရောင်ခြည်ကို စုပ်ယူထားတတ်ကြောင်း၊ အမိုးအမည်းရောင်များသည် နေရောင်ကို ပိုပြီး စုပ်ယူထား သောကြောင့် ပိုပြီး ပူတတ်ကြောင်း၊ မိမိတို့အမိုးသစ်သည် အဖြူရောင်ဖြစ်ပြီးပလပ်စတစ်ပြားများကို ပိုလီရက်စတားတစ်လွှာ အုပ်ပေးထားခြင်းကြောင့် ယခင်သွပ်မိုးပြားများထက် ၁၁ ဒီဂရီပိုပြီး အပူချိန်ကို သက်သာစေနိုင်ကြောင်း ဒေါက်တာ အန်းဂတ်စ်ကပြောကြားသည်။

လူဦးရေနှင့် အိုးအိမ်များတိုးလာသည့်ကမ္ဘာကြီးတွင် အမိုးကထွက်သည့် အပူရှိန်ကြောင့် ပတ်ဝန်းကျင်ကို အပူလွန်ကဲမှုများ မဖြစ်စေရန် အိမ်အမိုးပြားစနစ်များကို ပြောင်းလဲသင့်ကြောင့် ယင်းကအကြံပြုထားသည်။

Powered by Bullraider.com