ရာသီဥတုခန့်မှန်းနိုင်မည့် ဆူပါကွန်ပျူတာ အိန္ဒိယတွင်တပ်ဆင်

http://media2.intoday.in/indiatoday/images/stories/bhaskara_647_060215101901.jpg

တစ်နိုင်ငံလုံး၏ ရာသီဥတု အခြေအနေများကို ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိမည့် Bhaskara ဟု အမည်ပေးထားသော ဆူပါကွန်ပျူတာကြီးတစ်လုံးကို အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မနီးရှိ နွိုင်းဒါဒေသ အမှတ် ၆၂ နေရာရှိ မိုးလေဝသဌာန (NCMRWF) တွင် တပ်ဆင်လိုက်ကြောင်း AFP သတင်းတွင်ဖော်ပြထားသည်။

မိမိတို့နိုင်ငံတွင် အလွန်စွမ်းအားမြင့်သော ဆူပါကွန်ပျူတာကြီးတစ်လုံးကို တပ်ဆင်လိုက်နိုင်ခြင်းသည် တရုတ်၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့ကို နည်းပညာအရ ယှဉ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယသိပ္ပံနှင့် နည်းပညာဝန်ကြီး ဟာရပ်ရှ် ဗာဒဟန်ကပြောကြားသည်။

ဆူပါကွန်ပျူတာကြီးသည် ဆိုင်ကလုန်းမုန်တိုင်း၊ မိုးရွားသွန်းမှုစသည့် အနေအထားများကို ယခုနှစ်ကစတင်ပြီး ကြိုတင် ခန့်မှန်းကာ သတင်းများထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။

Powered by Bullraider.com