Apple ကုမ္ပဏီထုတ် Beats Pill XL စပီကာများ မီးလောင်သောကြောင့် ပြန်သိမ်း

http://i.telegraph.co.uk/multimedia/archive/02978/Untitled-1_2978229b.jpg

နာမည်ကျော် အီလက်ထရွန်းနစ်ပစ္စည်းများထုတ်လုပ်လျက်ရှိသော Apple ကုမ္ပဏီက မိမိတို့ထုတ်လုပ်ထားသော Beast Pill XL စပီကာများကို ဘက်ထရီပြဿနာကြောင့် မီးထတောက်နိုင်သဖြင့် ဈေးကွက်မှ အားလုံးကို ပြန်သိမ်းလျက်ရှိ ကြောင်း AFP သတင်းတွင်ဖော်ပြထားသည်။

ယင်းစပီကာများသည် ဖွင့်ထားလျှင် ဘက်ထရီက ပူလာပြီး မီးထတောက်သောကြောင့် လက်ကို မီးလောင်ကျွမ်းမှုတစ်ခု၊ စားပွဲ ကို မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ခဲ့သဖြင့် နောက်ထပ်ပြဿနာမဖြစ်ပွားစေရန် ပြန်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

Apple ကုမ္ပဏီကလည်း ယင်း စပီကာများ ပိုင်ဆိုင်ထားသူတို့သည် ဆက်လက်မသုံးတော့ဘဲ မိမိတို့ ဝယ်ယူထားသည့် ဆိုင် များတွင် ပြန်သွင်းပြီး ၃၂၅ ဒေါ်လာထုတ်ယူနိုင်ကြောင်း ကြေညာထားသည်။

Powered by Bullraider.com