ဗြိတိသျှ ဆေးသိပ္ပံနိုဘယ်ဆုရပညာရှင် အမျိုးသမီးများကို ဝေဖန်ပြီး ကောလိပ်မှနုတ်ထွက်

https://herculesandtheumpire.files.wordpress.com/2015/06/sir-tim-hunt.jpg

၂၀၀၁ ခုနှစ် ဆေးပညာဖြင့် နိုဘယ်ဆုရရှိခဲ့သော ဗြိတိသျှ ဆေးသိပ္ပံပညာရှင် တင်မ် ဟန့်သည် သိပ္ပံနယ်ပယ်တွင် အမျိုးသမီးများ၏ ပုံစံကို ဝေဖန်ပြစ်တင်ပြီးနောက် လန်ဒန်ကောလိပ်တက္ကသိုလ်မှနုတ်ထွက်သွားကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

"မိန်းမတွေနဲ့ တွဲလုပ်ရတဲ့ ဒုက္ခတွေကို ပြောချင်တယ်ဗျာ။ ဓာတ်ခွဲခန်းထဲမှာ သူတို့နဲ့ တွဲပြီးလုပ်ရတာ အဆင်မပြေမှု သုံးခုရှိ တယ်။ သူတို့ကို ခင်ဗျား ချစ်သွားနိုင်တယ်။ ဒါမှမဟုတ် သူတို့က ခင်ဗျားကို ချစ်သွားနိုင်တယ်။ သူတို့ကို ဝေဖန်ပြစ်တင် လိုက်ရင် သူတို့ငိုမယ်" ဟု အသက် ၇၂ နှစ်အရွယ် တင်မ်ဟန့်က သူနုတ်ထွက်ရခြင်းနှင့်ပတ်သက်ပြီး အဆင်မပြေမှုကို ပြောကြားခဲ့သည်။

ယင်းစကားကို ဇွန်လ ၉ ရက်နေ့က တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပနေသည့် ကမ္ဘာ့သိပ္ပံဂျာနယ်လစ်များညီလာခံတွင် ပြောကြားသွားခြင်းဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

Powered by Bullraider.com