သာမန်စမတ်ဖုန်းဖြင့် အရေပြားကင်ဆာကို စောစီးစွာ ထောက်လှမ်းနိုင်ဟုဆို

http://ste.india.com/sites/default/files/2015/06/11/367473-sm.jpg

လူတို့နေ့စဉ်အသုံးပြုနေကြသော သာမန် စမတ်ဖုန်းများဖြင့် အရေပြားကင်ဆာ ရှိ၊ မရှိကို ၉၈ ရာခိုင်နှုန်းအထိ မှန်ကန်စွာ ထောက်လှမ်းစစ်ဆေးနိုင်ပြီဖြစ်ကြောင်း Digitaltrends.com တွင်ရေးသားဖော်ပြချက်ကို AFP သတင်းတွင်ဖော်ပြ ထားသည်။

MoleScope ဟုခေါ်သော ပစ္စည်းတစ်မျိုးကို ဖုန်းကင်မရာတွင် တွဲဖက်တပ်ဆင်ပြီးနောက် အရေပြားပေါ်ရှိ မှဲ့ခြောက်များကို အနီးကပ်ဆုံးထားပြီး စစ်ဆေးလိုက်ခြင်းဖြင့် ဖုန်းမျက်နှာပြင်ပေါ်တွင် ထောက်လှမ်းမှုရလဒ်များအား ဖော်ပြပေးနိုင်တော့မည် ဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

ယင်းထောက်လှမ်းကိရိယာကို မာယန် ဆာဒီဂီဆိုသူသည် ကွန်ပျူတာသိပ္ပံ Ph.D ဘွဲ့အတွက် တီထွင်ခဲ့ခြင်းဖြစ်ပြီး လာမည့် ရက်သတ္တပတ်အတွင်း ဗန်ကူးဗားတွင်ကျင်းပမည့် ကမ္ဘာ့အရေပြားဆိုင်ရာဆေးညီလာခံတွင် ပွဲထုတ်တင်ပြရှင်းလင်းသွားမည် ဖြစ်ကြောင်း AFP သတင်းတွင် ရေးသားထားသည်။

Powered by Bullraider.com