အစ္စလာမ္မစ်အဖွဲ့ကို အင်တာနက် အထောက်အပံ့ပေးခဲ့သည့် အမေရိကန်လူငယ်တစ်ဦး အရေးယူခံရ

http://blogs.telegraph.co.uk/news/files/2013/03/internet-marketing-strategy-traffic1.jpg

ဝါရှင်တန်၊ ဇွန် ၁၄

အင်တာနက်ကျွမ်းကျင်သည့် လူငယ်တစ်ဦးသည် IS ဟုခေါ်သည့် အစ္စလာမ္မစ်အဖွဲ့ကို အင်တာနက်အသုံးပြုနိုင်ရေး အထောက် အပံ့ပေးခဲ့သောကြောင့် ထောင်ဒဏ် ၁၅ နှစ်ကျခံစေရန် အမေရိကန်တရားရေးဌာနက အမိန့်ချမှတ်လိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်တွင် နေထိုင်သော အသက် ၁၇ နှစ်အရွယ် အလီ ရှူကရီ အေမင်သည် အစ္စလာမ္မစ်အဖွဲ့ကို အင်တာနက်အသုံးပြုနိုင်ရေးအတွက် ဆိုရှယ်ကွန်ရက် Website တစ်ခုဖြစ်သော Twitter ပေါ်က တစ်ဆင့် အထောက်အပံ့ပေးခဲ့သောကြောင့် ယင်းသို့အရေးယူခဲ့ရခြင်းဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

ယင်းလူငယ်သည် IS အဖွဲ့အား ထောက်ခံသူများကိုလည်း ဆီးရီးယားနိုင်ငံသို့ သွားရောက်ပြီး ယင်းအဖွဲ့နှင့်အတူ တိုက်ပွဲ ဝင်ရန်အပြင် အဖွဲ့အား ငွေကြေးအားဖြင့်လည်း ထောက်ပံ့ကြရန် အွန်လိုင်းကတစ်ဆင့် လှုံ့ဆော်လျက်ရှိသောကြောင့် ယင်းသို့ အရေးယူရခြင်းဖြစ်ကြောင်း အစိုးရရှေ့နေကပြောကြားသည်။

အမေရိကန်ပြည်ထောင်စုအတွင်း ဆိုရှယ်မီဒီယာများကို အသုံးပြုပြီး အခြားကမ္ဘာမှ IS အဖွဲ့များကို အထောက်အပံ့ပေးနေသူ အများအပြားရှိကြောင်း၊ ထိုအဖွဲ့ဝင်များကို မိမိတို့ဖော်ထုတ်အရေးယူရန် ကြိုးစားနေကြောင်း အမျိုးသားလုံခြုံရေးအဖွဲ့မှ လက်ထောက် ရှေ့နေချုပ် ဂျွန်ကာလင်းကပြောကြားသည်။

ကာလင်းက မိဘများအနေဖြင့် မိမိတို့သားသမီးများအား IS အဖွဲ့ဝင်များအဖြစ် စည်းရုံးသိမ်းသွင်းကာ နိုင်ငံတော် ဆန့်ကျင် ရေးနှင့် အမျိုးသားလုံခြုံရေးထိပါးမှုလုပ်ဆောင်နေမှုများကို သတိထားပြီးစောင့်ကြည့်ရန်လိုကြောင်း တရားရုံးတွင် သတိပေး ပြောကြားသည်။

Powered by Bullraider.com