ယောက်ျားအင်္ဂါအစားထိုးလူနာ၏ ရည်းစား ကိုယ်ဝန်ရှိဟုဆို

http://www.thestandarddaily.com/wp-content/uploads/2015/06/operation.jpg

ဝါရှင်တန်၊ ဇွန် ၁၄

အမည်မဖော်လိုသူ အသက် ၂၁ နှစ်အရွယ်ရှိ လူငယ်တစ်ဦးကို လွန်ခဲ့သည့် ဒီဇင်ဘာလက ယောက်ျားအင်္ဂါ အစားထိုး ပေးပြီးနောက် လအတန်အကြာတွင် ခွဲစိတ်မှုအောင်မြင်သဖြင့် သူ၏ရည်းစားဖြစ်သူတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း USA Today သတင်းတွင်ဖော်ပြထားသည်။

ယင်းလူငယ်သည် လွန်ခဲ့သည့် သုံးနှစ်ခန့်ကတည်းက သွေးမလျှောက်သည့် ရောဂါကို ခံစားနေရပြီးနောက် ယောက်ျားအင်္ဂါ အစိတ်အပိုင်းအချို့ကို လှီးဖြတ်လိုက်ရပြီး ဒေါက်တာ အင်ဒရူး ဗန် ဒါမာဝီးနှင့် အဖွဲ့က ကိုးနာရီအကြာ ပြန်လည်အစား ထိုးပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

အစားထိုးခံထားရသည့် လူနာရှင်၏ ရည်းစားဖြစ်သူက မိမိတွင် ကိုယ်ဝန်လေးလ ရှိနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက် ခြင်းမှာ ဆေးပညာလောကအတွက် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း၊ အစားထိုးအင်္ဂါတစ်ခုသည် မူလအတိုင်း အလုပ်ဖြစ်သည် ဆိုခြင်းမှာ ဆေးလောကကို မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ အင်ဒရူးကပြောကြားသည်။

ခွဲစိတ်ပြီးချိန်တွင် အစားထိုးခံယောက်ျား၏ မျိုးအိမ်နှင့် မျိုးဥများသည် အလုပ်မလုပ်နိုင်သဖြင့် နောက်တစ်ကြိမ် ပြန်လည် ခွဲစိတ်ကာ ဆီးလမ်းကြောင်းကို ပြုပြင်ပေးပြီးမှသာ ယခုကဲ့သို့ ကောင်းစွာ အလုပ်လုပ်ဆောင်နိုင်ခြင်းဖြစ်သည်ဟု USA Today သတင်းတွင် ရေးသားထားသည်။

ခွဲစိတ်အစားထိုးခံရသူက မိမိအနေဖြင့် မမျှော်လင့်ကြောင်း၊ ကိုယ်ဝန်ရှိနေပြီကို သိလိုက်ရသောကြောင့် မိမိဘဝမဆုံးသေးဟု သိလိုက်ရပြီး ပျော်ရွှင်မိကြောင်း ပြောကြားသည်။

ယခုယောက်ျားအင်္ဂါ အစားထိုးခံရသူမှာ ကမ္ဘာ့ဒုတိယမြောက်လူသားဖြစ်ပြီး ပထမဆုံး အစားထိုးခံရသူမှာ တရုတ်နိုင်ငံမှဖြစ် ကြောင်း၊ ထိုသူသည် ခွဲစိတ်အစားထိုးခံပြီးမှ စိတ်ဓာတ်ကျပြီး မိမိအင်္ဂါကို ပြန်လည်ဖယ်ရှားပေးရန် တောင်းဆိုထားကြောင်း CNN သတင်းတွင်ရေးသားထားသည်။

Powered by Bullraider.com