အန္တာတိတ်ရေခဲပြင်တွင် ပန်းကန်ပြားပျံ ပျက်ကျထားသည်ကိုတွေ့ဟုဆို

http://www.strangerdimensions.com/wp-content/uploads/2015/06/antarctica-ufo-2015-620x330.jpg

ဝါရှင်တန်၊ ဇွန် ၁၆

အမျိုးအမည်မသိ ပန်းကန်ပြားပျံ (UFO) များကို ထောက်လှမ်းနေသည့် ရုရှားနိုင်ငံမှအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗာလန်တင် ဒက်တီရက်ဆိုသူက အွန်လိုင်း Google Earth ဆော့ဖ်ဝဲအကူအညီဖြင့် အန္တာတိကတိုက်တွင် UFO တစ်စီးပျက်ကျခဲ့ သည်ကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

Google Earth ဖြင့် ပုံများကို အကျယ်ချဲ့ကြည့်ခဲ့ရာတွင် UFO တစ်စီးသည် ပျက်ကျခဲ့သည့်ပုံစံဖြစ်နေကြောင်း ရုရှားနိုင်ငံ အလယ်ပိုင်း နီဇာနီ တာဂီမြို့တွင် နေထိုင်သော ဗာလန်တင်ကပြောကြားသည်ကို ယင်းသတင်းတွင် ဖော်ပြထားသည်။

Google Maps ၏ ညွှန်းဆိုချက်အရဆိုလျှင် ယင်းနေရာသည် အန္တာတိတ်ရေခဲပြင်၏ 80°34'08.4"S 30°05'19.3"W နေရာတွင် ပြဆိုနေကြောင်း ယင်းကဆိုသည်။

မြေပုံပါ UFO ပျက်ကျထားသည်ဆိုသောနေရာတွင် ကျင်းကြီးတစ်ခုဖြစ်လျက်ရှိရာ ယင်းကျင်းသည် အကျယ် ၆၅ ပေခန့်ရှိနိုင် ကြောင်း၊ အရှည်မှာ ပေ ၂၃၀ ခန့်ရှိနိုင်ကြောင်း သူကခန့်မှန်းပြောဆိုထားသည်။

ဗြိတိသျှ အန္တာတိက သုတေသနဌာနမှ သုတေသီ အင်ဒရူး ဖလဲမင်းကမူ ယင်းသည် ရေခဲအက်ကွဲကြောင်းကြီးတစ်ခုဖြစ်နိုင် ကြောင်း ပြောကြားသည်။

ဒက်ဆီရက်က အင်ဒရူး၏အဆိုကို လက်မခံဘဲ ဤနေရာတွင် ရေခဲအက်ကွဲကြောင်း မဖြစ်နိုင်ကြောင်း၊ ဤကမ္ဘာပေါ် တွင်လည်း ယခုလိုကြီးမားသည့် ယာဉ်မျိုးမရှိနိုင်ကြောင်း ပြောကြားပြီး UFO တစ်စီးပျက်ကျထားသည်ဟု အခိုင် အမာ ပြောကြားသည်။

Powered by Bullraider.com