လေတွင်ပျံဝဲ တိုက်ပွဲဆင်နွှဲနိုင်သည့်ခေတ်အတွက် အမေရိကန်စစ်တပ်ပြင်ဆင်

http://1.bp.blogspot.com/-QxaKRZwIO3Y/VX_zzvOcWRI/AAAAAAAAfkc/vMRvGesSzYE/s1600/hoverbike-002.jpg

ဝါရှင်တန်၊ ဇွန် ၁၆

Star Wars ရုပ်ရှင်ကားထဲကကဲ့သို့ တိုက်ပွဲများတွင် မိုးပျံတစ်ကိုယ်တော်စီးယာဉ်များ တီထွင်ပြီး တိုက်ပွဲဆင်နွှဲနိုင်ရန် ဟိုးဗားယာဉ် (Hoverbike) များကို နယူးဇီလန်တီထွင်သူတစ်ဦးက တီထွင်နိုင်ခဲ့ကြောင်း Live Science သတင်း တွင် ဖော်ပြထားသည်။

ယင်းဟိုးဗားယာဉ်များကို Malloy Aeronautics အဖွဲ့က တာဝန်ယူကာ အမေရိကန်ကာကွယ်ရေးဌာနတွင် အသုံးပြုနိုင် ရေးအတွက် တာဝန်ယူဆောင်ရွက်ပေးသွားမည်ဟု ယင်းသတင်းကဆိုသည်။

ပြင်သစ်နိုင်ငံတွင် ကျင်းပလျက်ရှိသော လေကြောင်းပြပွဲတွင် ယင်း Hoverbike ယာဉ်များကို စမ်းသပ်ပျံသန်းပြခဲ့ပြီး အမေရိကန်တပ်မတော်သုတေသနဌာနနှင့် စာချုပ်များချုပ်ဆိုကာ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ဆက်လုပ်ဆောင်သွားမည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

လက်ရှိပြပွဲတွင် ပြသထားသော ယာဉ်များကို မော်တော်ဆိုင်ကယ်တွင် အသုံးပြုထားသည့် အင်ဂျင်စက်များ တပ်ဆင်ထားပြီး RC ဟယ်လီကော်ပတာ ထိန်းချုပ်စနစ်များကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ၉၂ မိုင်အကွာအဝေးအထိ မောင်းနှင်နိုင်ပြီး၊ ဆီတစ်ကြိမ်ဖြည့်ထားပါက ၄၅ မိနစ်တိတိမောင်းနှင်နိုင်ကြောင်း၊ တစ်စီးလျှင် စတာလင်ပေါင် ၄၅၀၀၀ အထိကျသင့်မည် ဖြစ်ကြောင်း Malloy Aeronautics အဖွဲ့ကဆိုသည်။

Powered by Bullraider.com