အရုပ်က လူလို တုံ့ပြန်ပြောဆိုတွေးတောနိုင်စေရန်တီထွင်

http://cdnau.ibtimes.com/sites/au.ibtimes.com/files/styles/v2_article_large/public/2015/06/15/sex-doll.jpg?itok=jDfLKsri

ဝါရှင်တန်၊ ဇွန် ၁၆

အနောက်နှင့် ဂျပန်နိုင်ငံများတွင် ခေတ်စားနေသော လိင်ဖျော်ဖြေရေးအတွက် အထူးစီစဉ်ထားသည့် အရုပ်များကို လူကဲ့သို့ စဉ်းစားတွေးခေါ် တုံ့ပြန်ပြောဆိုနိုင်စေရန် စီစဉ်လျက်ရှိကြောင်း New York Times သတင်းတွင်ဖော်ပြထားသည်။

ယခုအခါ ယင်းကုမ္ပဏီထုတ်စက်ရုပ်များကို လူသားကဲ့သို့ တုပလုပ်ဆောင်တွေးတော ပြောဆိုနိုင်မည့် AI ဟုခေါ်သော ဉာဏ်ရည်တု စနစ်များကို ထည့်ပေးပြီး မျက်စိမှိတ်ခြင်း၊ စကားကို နှုတ်ခမ်းလှုပ်ပြီးပြောခြင်း လူသားအတိုင်း တုပပြောဆိုနိုင် ခြင်းတို့ကို မကြာမီလုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

Realbotix ဟုအမည်ပေးထားသော Matt McMullen ကုမ္ပဏီကတီထွင်ထားသော ဖျော်ဖြေရေးအရုပ်များသည် လူအစစ်နှင့်မခြား တီထွင်ထားသည့် ဆီလီကွန်အရုပ်များဖြစ်ပြီး ဈေးကွက်တွင် နေ့ချင်းညချင်း ထင်ရှားလာသော အရုပ်များ ဖြစ်ကြသည်။

Mc Mullen ကုမ္ပဏီသည် ၁၉၉၆ ခုနှစ်ကတည်းက လူသားအရွယ် အရုပ်ပေါင်း ၅၀၀၀ ခန့်ရောင်းချခဲ့ရပြီးတစ်ရုပ်ပေါက် ဈေးမှာ ဒေါ်လာ ၅၀၀၀ မှ ၁၀၀၀၀ အတွင်းဖြစ်သည်။

ကွန်ပျူတာစနစ်များကို စက်ရုပ်များအတွင်း ထည့်သွင်းပေးခြင်းဖြင့် လူသားအတိုင်း တုံ့ပြန်နိုင်မည့်အနေအထားကို ရလာနိုင် ကြောင်း၊ လူသားခံစားချက်အတိုင်း ပုံစံတူဖြစ်လာစေရန် မကြာမီထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း၊ လူသားနှင့်မခြား စိတ် တိုင်းကျတုံ့ပြန်နိုင်စေရန် စီစဉ်ဆောင်ရွက်နေကြောင်း တာဝန်ရှိသူများကပြောကြားသည်။

လူသားပုံစံတူ Real Doll စကားပြောအရုပ်များကို လာမည့် ၂၀၁၇ ခုနှစ်တွင်ထုတ်လုပ်ပြီး တစ်ရုပ်လျှင် စတာလင်ပေါင် ၆၂၀၀ ဖြင့် ရောင်းချမည်ဟု New York Times တွင်ရေးသားထားသည်။

Powered by Bullraider.com