ဆီတစ်ဂါလံ ၇၀၆ မိုင်သွားနိုင်သည့် လျှပ်စစ်ကား BMW တီထွင်

http://electriccarsreport.com/wp-content/uploads/2013/07/BMW-i8-Roadster.jpg

လန်ဒန်၊ ဇွန် ၂၁

ဆီတစ်ဂါလံထည့်ထားလျှင် ၇၀၆ မိုင်အထိ မောင်းနိုင်သည့် လျှပ်စစ်ကားကို နာမည်ကျော် BMW ကားကုမ္ပဏီက တီထွင်နိုင်ခဲ့ကြောင်း Digital Trends သတင်းတွင်ဖော်ပြထားသည်။

ဂျာမနီနိုင်ငံမှ ကားကုမ္ပဏီကြီးတစ်ခုဖြစ်သည့် BMW သည် လူလေးဦး စီးနင်းနိုင်သည့် ယင်းလျှပ်စစ်ကားကို တစ်နာရီလျှင် ၁၁၁ မိုင်နှုန်းဖြင့် မောင်းနှင်ပြသခဲ့ကြောင်း ယင်းသတင်းကဆိုသည်။

ယခုနောက်ဆုံးထုတ်ကားများကို XL1 ဟုအမည်ပေးထားပြီး ကိုယ်ထည်ကိုလည်း စတီးလ်ကိုယ်ထည်မှ ကာဘွန်ဖိုင်ဘာ ကိုယ်ထည်များအဖြစ် ပြောင်းလဲလိုက်ခြင်းကြောင့် ကားတစ်စီးအလေးချိန်မှာ ၁၇၅၃ ပေါင်ခန့်သာရှိမည်ဖြစ်သည်။

ကားအင်ဂျင်သည် 800 cc ဆလင်ဒါနှစ်လုံးတပ် ဒီဇယ်အင်ဂျင်အား 20kW လျှပ်စစ်မော်တာဖြင့် တွဲထားကာ ဆီ တစ်ကြိမ်ဖြည့်ထားလျှင် အနည်းဆုံး မိုင် ၆၀၀ ခန့်အထိ သွားနိုင်သည်။

ကားထဲတွင် ဒီဇယ်ဆီထည့်ထားပြီး ဆီပြတ်သွားပါကလည်း လျှပ်စစ်စွမ်းအင်ဖြင့် နောက်ထပ် ၂၁ မိုင်အထိ ဆက်မောင်းနိုင် မည်ဖြစ်သောကြောင့် စိုးရိမ်စရာမရှိကြောင်း ကုမ္ပဏီကပြောကြားသည်။

BMW ကုမ္ပဏီသည် ယင်း XL1 ကားကို စင်းရေအနည်းငယ်သာ ထုတ်လုပ်ပြီး ကားတစ်စီးလျှင် စတာလင်ပေါင် ၉၂၄၉၀ ဖြင့် ရောင်းချမည်ဟု ထုတ်ပြန်ကြေညာထားသည်။

Powered by Bullraider.com