မျက်မမြင်များ လျှာကိုအသုံးပြုပြီး အမြင်အာရုံခံစားနိုင်မည်

http://youthindependent.com/wp-content/uploads/brainport-v100-600x330.jpg

ဝါရှင်တန်၊ ဇွန် ၂၁

အမြင်အာရုံ ချွတ်ယွင်းနေသောသူများအတွက် မိမိတို့ လျှာဖြင့် အမြင်ကို ပြန်လည်ခံစားစေနိုင်သော ပစ္စည်းတစ်မျိုးကို အမေရိကန် အစားအစာနှင့် ဆေးဝါးအဖွဲ့ (FDA) က အတည်ပြုလက်ခံလိုက်ပြီဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြ ထားသည်။

BrainPort V100 ဟုအမည်ပေးထားသော ယင်းပစ္စည်းတစ်စုံလျှင် ဒေါ်လာ ၁၀၀၀၀ ခန့်တန်ကြေးရှိပြီး အမြင်အာရုံ ချွတ်ယွင်းနေသူများ ပြန်မြင်သကဲ့သို့ ဖြစ်စေနိုင်မည်ဟု ထုတ်လုပ်သည့် Wicab ကုမ္ပဏီမှ စီအီးအိုဖြစ်သူ ရောဘတ် ဘက်မင်း ကပြောကြားသည်။

ယင်းပစ္စည်းတွင် အစိတ်အပိုင်းသုံးပိုင်းပါဝင်ပြီး ကင်မရာထည့်သွင်းထားသော မျက်မှန်တစ်လက်၊ လက်ကိုင် ထိန်းချုပ်ပစ္စည်း တစ်ခု၊ လျှာပေါ်တင်ထားရမည့် တစ်လက်မပတ်လည် အာရုံခံစနစ်တစ်ခုတို့ဖြစ်သည်။

လျှာအာရုံခံစနစ်သည် မိမိရှေ့တွင် ရောက်နေသည့် အရာဝတ္ထု သို့မဟုတ် တစ်ခုခုကို ချက်ချင်းသိနိုင်ပြီး မျက်စိမမြင်သူကို တုံ့ပြန်အချက်ပေးမည်ဖြစ်သည်။

မျက်မမြင်များသည် လက်ထဲတွင် ထိန်းချုပ်ကိရိယာလေးတစ်ခုကို ကိုင်ထားရန်လိုပြီး အခန်းတစ်ခုအတွင်း အညွှန်းစာများကို လည်း ချက်ချင်းအာရုံခံကိရိယာက ဖတ်ပြသဖြင့် သိရှိနိုင်ကြောင်း ဘက်မင်းကပြောကြားသည်။

အမေရိကန်ပြည်ထောင်စုတွင် မျက်မမြင်ပေါင်း ၂၅၀၀၀၀ ခန့်ရှိပြီး၊ လက်ကိုင်တုတ်ဆောင်စရာမလို လူကောင်းပကတိအတိုင်း ထိန်းချုပ်ကိရိယာများ၏ လမ်းညွှန်ချက်အတိုင်း သွားလာနိုင်တော့မည်ဖြစ်ကြောင်း Reuters သတင်းတွင် ရေးသားထား သည်။

Powered by Bullraider.com