သွေးအမြန်တိတ်စေနိုင်သော ထိုးဆေးတစ်မျိုး ၁၇ နှစ်သားတီထွင်

http://www.techworm.net/wp-content/uploads/2015/06/vetigel-new-plant-based-gel-that-stops-traumatic-bleeding-just-15-seconds-702x336.jpg

ဝါရှင်တန်၊ ဇွန် ၂၂

ထိခိုက်ဒဏ်ရာရသဖြင့် သွေးထွက်လွန်ကာ အသက်ဆုံးရှုံးရမှုများ မဖြစ်စေရန်အတွက် ဒဏ်ရာကို ဆေးထိုးလိုက်လျှင် စက္ကန့် ပိုင်းအတွင်း သွေးတိတ်သွားစေနိုင်သည့် ထိုးဆေးတစ်မျိုးကို အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးက တီထွင်ခဲ့ကြောင်း Business Insider သတင်းတွင်ဖော်ပြထားသည်။

VetiGel ဟုအမည်ပေးထားသော ရေမှော်မှထုတ်သော ဆေးတစ်မျိုးကို ပေါ်လီမာဒြပ်ပေါင်းအဖြစ်တီထွင်ထားပြီး ဒဏ်ရာ အနာတရဖြစ်နေသည့်နေရာကို ဆေးထိုးအပ်ဖြင့် ထိုးထည့်လိုက်ပါက ချက်ချင်းသွေးတိတ်စေရန် ဂျိုး လန်ဒိုလီနာဆိုသူ လူငယ် တစ်ဦးက တီထွင်နိုင်ခဲ့ကြောင်း ယင်းသတင်းကဆိုသည်။

လန်ဒိုလီနာသည် ၁၇ နှစ်သားအရွယ်ကတည်းက ယင်းသွေးအမြန်တိတ်ဆေးကို တီထွင်ခဲ့ပြီး ယခုအခါ အသက် ၂၂ နှစ်ရှိပြီ ဖြစ်သောသူ့ကို Suneris ဆေးကုမ္ပဏီက စီအီးအိုအဖြစ် ခန့်အပ်ထားသည်။

ဒဏ်ရာနေရာကို VetiGel ဆေးထိုးလိုက်လျှင် ၁၂ စက္ကန့်အတွင်း သွေးများခဲစေရန် ချုပ်လိုက်ခြင်းကြောင့် အမြန်ဆုံး ထိရောက်သည့် ကုသမှုတစ်ခုဖြစ်ကြောင်း လန်ဒိုလီနာကဆိုသည်။

ရေမှော်တစ်မျိုးကို အစေးတစ်မျိုးအဖြစ် ဖန်တီးလိုက်ပြီနောက် အရေပြားနှင့် သွေးကြောများကို ထိန်းချုပ်နိုင်သကဲ့သို့ နှလုံး၊ အဆုတ်၊ သရက်ရွက်များကို ခွဲစိတ်ရာတွင်လည်း သွေးထိန်းချုပ်စေရန် ယင်းဆေးကိုပင်ထိုးထည့် အသုံးပြုနိုင်သည့်အတွက် ဆေးပညာလောက အားတက်ဖွယ်ဖြစ်သည်ဟု Business Insider Business Insider သတင်းတွင် ရေးသား ထားသည်။

Powered by Bullraider.com