အာကာသအတွင်း ပထမဆုံးလမ်းလျှောက်မည့်စက်ရုပ် NASA တီထွင်

http://www.nasa.gov/images/content/630535main_iss030e135187_1600_946-710.jpg

လူသားပုံစံအတိုင်း တည်ဆောက်ထားသည့် စက်ရုပ်ကို နိုင်ငံတကာ အာကာသစခန်းသို့ စေလွှတ်ပြီး ယင်းစခန်းထဲမှ အာကာသအတွင်း လမ်းထွက်လျှောက်မည့် ကမ္ဘာ့ပထမဆုံး အာကာသလမ်းလျှောက်စက်ရုပ်ကို အမေရိကန် အာကာသသိပ္ပံ NASA အဖွဲ့တီထွင်ခဲ့ကြောင်း AFP သတင်းတွင်ဖော်ပြထားသည်။

Robonaut 2 ဟုအမည်ပေးထားသော စက်ရုပ်ကို ၂၀၁၁ ခုနှစ်ကတည်းက တီထွင်နေခဲ့ပြီး အာကာသထဲထွက်ကာ ကမ္ဘာ့ဆွဲ အားသက်ရောက်မှုနှင့် ပတ်သက်၍ စမ်းသပ်ရန် စီစဉ်နေကြောင်း ယင်းသတင်းကဆိုသည်။

ယင်းစက်ရုပ်ကို မြေပြင်စခန်းကတစ်ဆင့် လှမ်း၍ထိန်းချုပ်ပြီးနောက် ဆေးပညာဆိုင်ရာ စမ်းသပ်မှုများ၊ အာကာသစခန်းကို စစ်ဆေးမှုများ ပြုလုပ်ခိုင်းမည်ဖြစ်ပြီး NASA အဖွဲ့နှင့် General Motors ကုမ္ပဏီတို့ ပူးပေါင်းတီထွင်ခဲ့ခြင်းဖြစ်ကြောင်း AFP တွင်ရေးသားထားသည်။

Powered by Bullraider.com