အလွန်တော်သော လိမ်ပြောတတ်သူများသည် ဉာဏ်အကောင်းဆုံးဟုဆို

http://i4.mirror.co.uk/incoming/article5915631.ece/ALTERNATES/s615/CHild2.jpg

ယုံလောက်အောင် လိမ်ပြောတတ်သူများသည် မှတ်ဉာဏ်အကောင်းဆုံးအဆင့်တွင်ရှိပြီး လူတော်များဖြစ်ကြကြောင်း ABC သတင်းတွင်ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံ၊ ရှက်ဖီးတက္ကသိုလ်နှင့် မြောက်ပိုင်း ဖလော်ရီဒါတက္ကသိုလ်တို့၏ ပူးပေါင်းသုတေသနပြုချက်အရ လိမ်ပြောတတ် သည့် ကလေးများသည် အလွန်မှတ်ဉာဏ်ကောင်းပြီး ထက်မြက်သူများဖြစ်နေကြောင်း ယင်းသတင်းကဆိုသည်။

သုတေသနအဖွဲ့သည် အသက် ၆ နှစ်မှ ၇ နှစ်အတွင်းကလေးပေါင်း ၁၃၇ ဦးကို လေ့လာဆန်းစစ်ပြီးနောက် မှတ်ဉာဏ်ကို နှုတ်ဖြေစမ်းသပ်ခဲ့ရာ လိမ်ပြောတတ်သူများက ပိုပြီးတော်နေသည်ကိုတွေ့ရကြောင်း စိတ်ပညာဂျာနယ်တစ်ခုဖြစ်သည့် ECS တွင်ရေးသားထားသည်။

Powered by Bullraider.com