လတ်တေးကော်ဖီမျက်နှာပြင်တွင် မိမိကြိုက်သည့်ပုံကို ဆယ်စက္ကန့်အတွင်းဖော်နိုင်ဟုဆို

http://travels.media/tc/wp-content/uploads/2015/06/Ripple-Maker-2.png

ဝါရှင်တန်၊ ဇွန် ၂၈

3D ပရင်တာနည်းပညာများခေတ်စားလာသဖြင့် လတ်တေးနှင့် ကပ်ပါချီနိုကော်ဖီခွက်များ၏ မျက်နှာပြင်ပေါ်တွင် မလိုင်ဖြင့် ပုံဖော်သည့်အနုပညာကို ကွန်ပျူတာကတစ်ဆင့် ဆယ်စက္ကန့်အတွင်း မိမိတို့နှစ်သက်ရာ ပုံကိုဖော်ထုတ်နိုင်တော့မည်ဖြစ် ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

Ripple Maker ဟုအမည်ပေးထားသည့် ပုံဖော်စက်သည် 3D နည်းပညာနှင့်ပေါင်းစပ်ပြီး Wi-Fi နှင့်ဆက်သွယ်ကာ လုပ်ဆောင်ပေးနိုင်မည့်စက်ဖြစ်သည်။

ယင်းကော်ဖီစက်အတွင်း ပုံပေါင်း ရာနှင့်ချီကာ သိုလှောင်သိမ်းဆည်းပေးထားနိုင်ပြီး ကော်ဖီသောက်ရန်လာသူများသည် မိမိတို့ဖုန်းကတစ်ဆင့် ပုံများကို ချယူနိုင်သည့်အပြင် မိမိတို့စိတ်ကြိုက်ပုံများကို ပေးပို့၍လည်း မျက်နှာပြင်ကို လိုသလို ဆိုင်ရှင်အားပုံဖော်ခိုင်းနိုင်ကြောင်း ယင်းသတင်းကဆိုသည်။

ကော်ဖီချစ်သူများသည် ပုံများကိုရယူနိုင်ရန်အတွက် မိမိတို့ ဖုန်းများအတွင်း Ripples ဆိုသည့် ဆော့ဖ်ဝဲကို download ယူကာတင်ထားပြီးမှသာ ယင်းကော်ဖီစက်များရှိသည့်ဆိုင်တွင် လုပ်ဆောင်ခိုင်းနိုင်မည်ဖြစ်သည်။

ကော်ဖီပုံဖော်စက် တစ်လုံးလျှင် ၉၉၉ ဒေါ်လာတန်ကြေးရှိပြီး ယခုနှစ်နှောင်းပိုင်းတွင် နိုင်ငံအများသို့ Ripple Maker စက်များ ဖြန့်ချိမည်ဖြစ်ကြောင်း ထုတ်လုပ်သည့်ကုမ္ပဏီမှ စီအီးအိုဖြစ်သူ ရို့စ်စီ မက်စ်ဟူလန်ကပြောကြားသည်။

Powered by Bullraider.com