ဇွန်လ ၃၀ ရက်နေ့သည် အခြားနေ့များထက်ပိုပြီး နေ့တာရှည်သည့်နေ့တစ်နေ့ဟုဆို

http://i.dailymail.co.uk/i/pix/2015/06/19/18/29C9730C00000578-0-image-a-3_1434735057768.jpg

နေ့တစ်နေ့တာ သတ်မှတ်ချက်များတွင် ဇွန်လ ၃၀ ရက်နေ့သည် နေ့အားလုံးထက် အရှည်ဆုံးနေ့ဖြစ်ပြီး အခြားနေ့များထက် ၈၆,၄၀၀ စက္ကန့်ပိုရှည်ကြောင်း အမေရိကန်အာကာသသိပ္ပံ NASA အဖွဲ့၏ထုတ်ပြန်ချက်ကို AFP သတင်းတွင်ဖော်ပြထား သည်။

ကမ္ဘာမြေကြီးသည် လည်ပတ်နှုန်းအား တဖြည်းဖြည်းလျှော့ကျလာပြီး ရက်များကိုသတ်မှတ်သည့်အတိုင်းအတာများလည်း ပုံမှန်မဟုတ်တော့ကြောင်း၊ သို့ဖြစ်၍ ဇွန်လ ၃၀ ရက်နေ့သည် စက္ကန့်များပိုတိုးသွားရကြောင်း NASA အဖွဲ့မှ ဒင်နီရယ် မက်မီလန်ကပြောကြားသည်။

ဤကဲ့သို့ ကမ္ဘာကြီး ပုံမှန်လည်ပတ်မှုမဟုတ်ခြင်းကြောင့် စက္ကန့်များထည့်ပေါင်းရခြင်းသည် ၂၀၀၀ ပြည့်နှစ်ကတည်းကဆိုလျှင် လေးကြိမ်မြောက်ဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

Powered by Bullraider.com