ဘယ်လောက်မြှင့်မြှင့် အမေရိကန်ရေတပ် Windows XP အဆင့်တွင်သာရှိဟုဆို

http://www.dosgamers.com/uploads/images/original/windowsxp.jpg

ယခုအခါ ကမ္ဘာကျော်ကွန်ပျူတာလည်ပတ်ရေးစနစ် (Operating System) သည် Windows 10 အဆင့်အထိ တက်လှမ်းနေချိန်၌ အမေရိကန်ရေတပ်သည် ၂၀၀၁ ခုနှစ်ကတည်းက ထုတ်ခဲ့သော Windows XP အဆင့်ကိုသာ အသုံးပြုနေ သေးကြောင်း ABC သတင်းတွင် ဖော်ပြထားသည်။

၁၄ နှစ်တိုင် အသုံးပြုနေသော ယင်း Windows XP ကို မစွန့်နိုင်သောကြောင့် အမေရိကန်ရေတပ်သည် နှစ်စဉ် ယင်းဆော့ဖ်ဝဲ ထုတ်လုပ်သည့် ကုမ္ပဏီကို ဒေါ်လာ ၉ သန်းပေးပြီး Update လုပ်နေရကြောင်း ယင်းသတင်းကဆိုသည်။

Windows XP ကို ထုတ်လုပ်ခဲ့သော Microsoft ကုမ္ပဏီကြီးသည် ယင်း OS အဆင့်ကို လွန်ခဲ့သည့်တစ်နှစ်ခန့်က ဖျက်သိမ်းခဲ့ကြောင်း ကြေညာခဲ့သော်လည်း အဟောင်းမစွန့်နိုင်သည့်ရေတပ်အတွက် ဝန်ဆောင်မှုဆက်ပေးနေရသေးကြောင်း ABC သတင်းတွင်ရေးသားထားသည်။

Powered by Bullraider.com