လမျက်နှာပြင်ပေါ်သို့စေလွှတ်ရန် အမျိုးသမီး ခြောက်ဦးကို ရုရှားအာကာသအဖွဲ့ရွေးချယ်

http://i.dailymail.co.uk/i/pix/2015/07/06/11/2A44B35000000578-3150843-image-a-16_1436178103082.jpg

မော်စကို၊ ဇူလိုင် ၇

အာကာသနှင့် လပေါ်ရောက်သွားသည့်အခါတွင် အမျိုးသမီးများ၏ စိတ်နှင့် ကိုယ်ခန္ဓာပြောင်းလဲမှုများကို လေ့လာဆန်းစစ်နိုင် ရန်အတွက် ရုရှားအာကာသအဖွဲ့က အမျိုးသမီးခြောက်ဦးကို ရွေးချယ်ထားကြောင်း Reuters သတင်းတွင်ဖော်ပြထား သည်။

ရုရှားအာကာသလေ့လာရေးအဖွဲ့သည် အင်္ဂါဂြိုဟ်လေ့လာရေးအတွက် အမျိုးသားများကို ရွေးချယ်မှု အစီအစဉ်အား ရပ်ဆိုင်း ကာ အမျိုးသမီး ဆယ်ဦးအားလျှောက်ထားသူများထဲမှရွေးချယ်ခဲ့ကြောင်း၊ နောက်ဆုံး ဆန်ကာတင် ခြောက်ဦးကို ရွေးချယ်ပြီး လပေါ်သို့စေလွှတ်မှုတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

လပေါ်သို့ အမျိုးသမီးများကို စေလွှတ်ခြင်းအား လာမည့် အောက်တိုဘာ ၂၇ ရက်နေ့တွင် စတင်ရန်ပြင်ဆင်ထားပြီး လေ့ကျင့်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

ပထမဆုံးအဆင့်အနေဖြင့် စတင်မည့် ခရီးစဉ်သည် ရှစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်း၊ အမျိုးသမီးအာကာသ ယာဉ်မှူးများ သည် ကမ္ဘာမြေမှထွက်ပြီး လကိုတစ်ကြိမ်ပတ်ကာ ကမ္ဘာမြေသို့ ပြန်လာခိုင်းရန် စီစဉ်ထားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ယခုအခါ အမျိုးသားအာကာသယာဉ်မှူးများကို စမ်းသပ်ပြီးဖြစ်သောကြောင့် အမျိုးသမီးများကို စေလွှတ်ပြီးသည့်အခါတွင် ယှဉ်တွဲလေ့လာရသည့် စိတ်အခြေအနေများကို အမှတ်ပေးကာ လေ့လာဆန်းစစ်သွားမည်ဟု သုတေသီ ဆာဂိုင်း ပိုနိုမာရော့က ပြောကြားသည်။

ယခုလေ့လာဆန်းစစ်မှုများသည့် အင်္ဂါဂြိုဟ်ခရီးစဉ်အတွက် အထောက်အကူဖြစ်စေရန် ဆန်းစစ်ခြင်းဖြစ်ပြီး ကာလရှည်ကြာစွာ သွားရမည့် အင်္ဂါဂြိုဟ်ခရီးအတွက် မည်သူ့ကို စေလွှတ်ရမည်ဆိုခြင်းအား သုံးသပ်ဆုံးဖြတ်နိုင်စေမည်ဟု ယင်းကဆိုသည်။

Powered by Bullraider.com