နည်းပညာရှင်များပေါ်ထွန်းစေရန် Google တက္ကသိုလ်များဖွင့်လှစ်

http://www.sp.edu.sg/wps/wcm/connect/f18a1200404981878ad9db5d0243f772/YLTP_Stanford+University_2.jpg?MOD=AJPERES&CACHEID=f18a1200404981878ad9db5d0243f772

ဆီလီကွန်တောင်ကြားကဲ့သို့သော နည်းပညာကမ္ဘာတွင် ဝင်ရောက်အမှုထမ်းနိုင်မည့် ပညာရှင်များ ပေါ်ထွန်းလာစေရေး၊ နည်းပညာဖြင့် စီးပွားစွမ်းဆောင်ရှင်များ ဖြစ်လာရေးကို ဦးတည်ကာ ကမ္ဘာကျော် အင်တာနက်ကုမ္ပဏီကြီးဖြစ်သည့် Google သည် ကမ္ဘာအနှံ့ နည်းပညာတက္ကသိုလ်များ လိုက်လံဖွင့်လှစ်ပေးလျက်ရှိကြောင်း AFP သတင်းတွင်ဖော်ပြထားသည်။

ဇွန်လအတွင်းက စပိန်နိုင်ငံ မဲဒရစ်မြို့တွင် Google တက္ကသိုလ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့ပြီး၊ ၂၀၁၂ ခုတွင် လန်ဒန်၌လည်း ကောင်း၊ အစ္စရေးနိုင်ငံ တဲလ်အဗစ်တွင်လည်းကောင်း၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့များတွင်လည်းကောင်း ဖွင့်လှစ်ပေးခဲ့ ပြီးဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

တစ်ကမ္ဘာလုံးတွင် နည်းပညာဖြင့်အသက်မွေးဝမ်းကျောင်းပြုသူများ ပေါ်ထွန်းနိုင်ရန်ရည်စူးပြီး ပေ ၂၀၀၀၀ ပတ်လည် အကျယ်ရှိပြီး စာသင်ခုံ အလုံး ၂၀၀ ခန့်နေရာပေးနိုင်လျှင် ကျောင်းတစ်ခုလာဖွင့်ပေးနိုင်ရန် စီစဉ်ပေးကြောင်း Google တာဝန်ရှိသူများက ပြောကြားသည်။

Powered by Bullraider.com