ဒတ်ခ်ျကျောင်းသားများ နေရောင်ခြည်စွမ်းအင်သုံးကားတီထွင်

http://www.electricautosport.com/wp-content/uploads/2015/07/BvOF-Stella-Lux-2015-presented-14.jpg

လန်ဒန်၊ ဇူလိုင် ၇

Eindhoven နည်းပညာတက္ကသိုလ်မှ ဒတ်ခ်ျကျောင်းသား ၂၁ ဦးစုပေါင်းဖွဲ့စည်းထားသည့် STE (Solar Team Eindhoven) အဖွဲ့သည် လူလေးဦးလိုက်ပါစီးနင်းနိုင်သည့် ပေါ့ပါးသော နေရောင်ခြည်စွမ်းအင်သုံး ကားတစ်စီးကို တီထွင် နိုင်ခဲ့ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

တစ်နာရီလျှင် ၁၂၅ ကီလိုမီတာနှုန်းမောင်းနှင်နိုင်ပြီး နေရောင်ခြည်စွမ်းအင်ဖြင့် အားပြည့်နေလျှင် ကီလိုမီတာ ၁၀၀၀ အထိ သွားနိုင်သော ယင်းကားကို Stella Lux ဟုအမည်ပေးထားကြောင်း ယင်းသတင်းကဆိုသည်။

ကားတစ်ကိုယ်လုံးကို ကာဘွန်ဖိုင်ဘာဖြင့်တည်ဆောက်ထားပြီး ကားတံခါးဖွင့်ခြင်း ပိတ်ခြင်းများကို စမတ်ဖုန်းများဖြင့် လုပ် ဆောင်နိုင်ကာ လာမည့် အောက်တိုဘာလအတွင်း သြစတြေးလျှနိုင်ငံတွင် ကျင်းပမည့် ဆိုလာကားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း Reuters သတင်းတွင်ရေးသားထားသည်။

Powered by Bullraider.com