ဟိုက်ဒြိုဂျင်တစ်လုံးဖြည့်ထားလျှင် မိုင် ၃၀၀ မောင်းနိုင်မည့်ကား BMW တီထွင်

http://www.hydrogen-motors.com/BMW/images/im/Hydrogen%207.jpg

ဝါရှင်တန်၊ ဇူလိုင် ၅

ကမ္ဘာကျော် ကားကုမ္ပဏီကြီးတစ်ခုဖြစ်သည့် BMW ကုမ္ပဏီသည် ကားထဲရှိလှောင်ကန်ထဲတွင် ဟိုဒြိုဂျင်တစ်ကြိမ်ဖြည့် ထားပါက မိုင် ၃၀၀ အထိ မောင်းနှင်နိုင်သည့်ကားကို တီထွင်ခဲ့ကြောင်း Daily Mail သတင်းတွင်ဖော်ပြထားသည်။

ယင်းကားသည် ယခင် တိုယိုတာကုမ္ပဏီက တီထွင်ခဲ့သော i8 ကားကို ပြန်လည် မွမ်းမံကာ ပြုပြင်တည်ဆောက်ထားခြင်း ဖြစ်ပြီး BMW ကကြီးမှူးကျင်းပသည့် ကားပြပွဲ Innovation Days 2015 တွင်ပြသထားကြောင်း ယင်းသတင်းကဆို သည်။

လင်းနို့လူသားရုပ်ရှင်ကားထဲမှကားနှင့် ပုံစံတူသည့် အနက်ရောင်ကားအတွင်း ဆီဖြည့်ကန်သည် တစ်ကြိမ်အပြည့်ဖြည့်လျှင် ၅ မိနစ်သာကြာမည်ဖြစ်ပြီး၊ တံခါးနှစ်ပေါက်ပါကားအဖြစ် အလေးချိန်ကိုလည်း လျှော့ချထားသည်။

BMW ကတီထွင်ထားသော ယင်း i8 ကားသည် 1.5 litre ဆလင်ဒါ သုံးလုံးတပ် ဆီသုံးအင်ဂျင်ဖြစ်ကာ အင်ဂျင်အတွက် အအေးပေးစနစ်ကိုပါတိုးမြှင့် တပ်ဆင်ထားသည်။

ဂက်စ်သဘောသုံးသည့် ဟိုက်ဒြိုဂျင်လောင်စာသည် သိုလှောင်ကန်အတွင်းမှထွက်ကာ ရေငွေ့နှင့် လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းပြီး တွန်းကန်အားကိုဖြစ်စေရန်တီထွင်ထားခြင်းဖြစ်ကြောင်း BMW တာဝန်ရှိသူများက ပြောကြားသည်။

ကား၏တစ်နာရီမောင်းနိုင်သည့်အားမှာ ၁၂၄ မိုင်ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းအတွင်း တိုယိုတာကုမ္ပဏီမှတစ်ဆင့် အမေရိကသို့ ဖြန့်ချိရန် စီစဉ်လျက်ရှိကြောင်း Daily Mail တွင်ရေးသားထားသည်။

Powered by Bullraider.com