လူတိုင်းအတွက်အင်တာနက် လေဆာရောင်ခြည်ဖြင့်ရယူနိုင်ရေး Facebook ကစီစဉ်ပေးမည်

http://static.dnaindia.com/sites/default/files/2015/07/02/352000-laser-1.jpg

ဝါရှင်တန်၊ ဇူလိုင် ၅

ကမ္ဘာကျော် ဆိုရှယ်ကွန်ရက် Website ကြီးဖြစ်သည့် Facebook က ကြီးမှူးပြီး လူတိုင်းအတွက် အင်တာနက်ရရှိရေး အစီအစဉ်သစ်ကို ကောင်းကင်တွင်လွှတ်တင်ထားသော ဒရုန်းယာဉ်များကတစ်ဆင့် လေဆာရောင်ခြည်လွှတ်ကာ စီစဉ်ပေး သွားမည်ဖြစ်ကြောင်း AFP သတင်းတွင်ဖော်ပြထားသည်။

Facebook အစီအစဉ်ဖြင့် အမြင့်ပေ ၆၅,၀၀၀ တွင် လွှတ်တင်ထားသည့် မောင်းသူမဲ့ ဒရုန်းလေယာဉ်များကို လနဲ့ချီကာ လွှတ်တင်ထားပြီးနောက် ယင်းယာဉ်များက လွှတ်ပေးနေသည့် လေဆာရောင်ခြည်တန်းကိုရယူပြီး အင်တာနက်ကို အသုံးပြု နိုင်မည့် စနစ်သစ်ဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

မိမိတို့စီစဉ်နေသည့် Internet.org စနစ်သည် ဂြိုဟ်တုများကလည်းကောင်း၊ ဒရုန်းယာဉ်များကလည်းကောင်း ကမ္ဘာပေါ်ရှိ နေရာဒေသအသီးသီးမှ လူသန်းထောင်ချီကာ အင်တာနက်ကို အသုံးပြုနိုင်မည့် အစီအစဉ်ဖြစ်ကြောင်း၊ မည်သည့် နေရာတွင်မဆို ကြိုးမဲ့စနစ်ဖြင့် ရယူသုံးစွဲနိုင်စေရန် စီစဉ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း Facebook ကိုထူထောင်သူ မာ့ခ် ဇက်ကာဘတ်ကပြောကြားသည်။

Facebook ကတီထွင်ထားသည့် ဆက်သွယ်ရေးစနစ်သည် လေဆာရောင်ခြည်တန်းကထုတ်လွှတ်လိုက်သည့် ရောင်ခြည် တန်းကို အခြေခံသော ကြိုးမဲ့ဆက်သွယ်နိုင်သည့်စနစ်ဖြစ်ပြီး ယခုအခါ ဗြိတိန်တွင် လွှတ်တင်စမ်းသပ်လျက်ရှိသည်။

ကောင်းကင်အမြင့် ပေ ၆၅,၀၀၀ တွင် လွှတ်တင်ထားမည့် ယင်းဒရုန်းယာဉ်ကြီးသည် Boeing 737 လေယာဉ် တောင်ပံ ထက်ရှည်ပြီး အလေးချိန်မှာ ကားတစ်စီးခန့်သာရှိကြောင်း၊ တစ်ကြိမ်လွှတ်တင်လိုက်လျှင် တစ်လအကြာနေနိုင်သော ယင်း ဒရုန်းယာဉ်ကတစ်ဆင့် အင်တာနက်ကို လူတိုင်းအသုံးပြုနိုင်စေရန် လေဆာရောင်ခြည်များ မပြတ်ထုတ်လွှတ်ပေးနေမည် ဖြစ်ကြောင်း ဇက်ကာဘတ်က ပြောကြားသည်။

Powered by Bullraider.com